ချစ်တာသူ့ကို...🍭(season2)
အခန်း(၁၁)🍬🍬🍬
" ဟယ်လ်ို.."
ကြားလိုက်ရတဲ့အသံလေးကြောင့်ဖုန်းကိုနားကခွာပြီးပြန်ကြည့်မိသည်
အိမ်ထောင်သက်နှစ်လအတွင်းတစ်ခါမှဖုန်းမခေါ်ဖူးဘဲခုကျမှထူးထူးဆန်းဆန်း..." ဦးနေရောင်..ခင်ဗျားနားထောင်နေလား"
" ကြားတယ်..ပြော.."
" မနက်ဖြန်ညနေ Angle Hotel ကိုလာခဲ့ပါလား..အရေးကြီးကိစ္စရှိလို့ပါ.. "
" အိမ်မှာပြောလည်းရတယ်လေ..မင်းနဲ့ငါ နှစ်ယောက်တည်းရှိတာ..ဘာလို့hotelကိုသွားဦးမှာလဲ.."
" တွေ့ရမယ့်လူရှိလို့ပါဆို..ဂျီဂျီလည်းအားနေတာမဟုတ်ဘူး..အရေးကြီးလို့ပြောနေတာ..ခင်ဗျားလာမှဖြစ်မှာမို့လို့..."
သိပ်တော့မသင်္ကာပေ...တစ်ချိန်လုံးမျက်နှာချင်းမဆိုင်ပဲခုမှသူသိမှဖြစ်မယ့်အရေးကြီးကိစ္စကဘာများလဲ...တွေးမိပေမယ့်လက်ခံလိုက်ဖို့ပဲဆုံးဖြတ်မိသည်
" ok ဘယ်အချိန်လဲ.."
🍬🍬🍬
Hotelနားရောက်ခါနီးတော့အခန်းနံပါတ်ကိုသူ့ဖုန်းထဲmessageပို့သည် အဲ့မှာခဏစောင့်နေပါတဲ့..
သူ့မျက်နှာတင်းခနဲဖြစ်သွား၏ ဘာကိစ္စမို့လို့အခန်းထဲတွေ့မှာလဲ...ဂျီဂျီကနှစ်ယောက်တည်းတော့တွေ့မယ့်သူမဟုတ်ဘူး...ဒါဆိုနောက်ထပ်လာမယ့်ဧည့်သည်ရှိသေးတာလား....ဘာပဲဖြစ်ဖြစ်သူပြောတဲ့အတိုင်းအခန်းထဲ၀င်စောင့်နေမိသည်
အခန်းကလည်းအလွန်ထူးဆန်းစွာVIPစုံတွဲခန်း...viewအကောင်းဆုံးအခန်းကိုယူထားပြီးဘယ်သူနဲ့တွေ့မှာလဲ...
ပြဿနာရှာတတ်တဲ့မိန်းကလေးမို့သိပ်တော့မယုံရဲပါ...
မှန်နံရံနားသို့လျှောက်သွားပြီးအပြင်ဘက်သို့ငေးနေရင်းအသံကိုနားစွင့်နေမိသည်" ကလစ်.."
အခန်းတံခါးဖွင့်သံကြားရပြီးနောက်ခြေသံဖွဖွလေးကြားရသည်...
" ကျစ်..ကြာလိုက်တာကွာ..မင်းဘာတွေ..."
သူ့မျက်ခုံးတွေထိစပ်မတတ်တွန့်ကုတ်သွား၏
မျက်စိရှေ့ရောက်လာသူသည် မလုံ့တလုံ့အ၀တ်အစားများနှင့်နှစ်သက်ဖွယ်ပြုံးပြနေသောရတီ...
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romanceseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...