အခန်း(၇)

609 35 2
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၇)

🍬🍬🍬

" လင်မယားနှစ်ယောက်ရန်ဖြစ် စကားများတယ်လို့မကြားချင်ဘူးနော် တိုင်တိုင်ပင်ပင်နေကြကြားလား..."

" ဟုတ်ကဲဲ့.."

လင်မယားဆိုတဲ့စကားလုံးကနားထဲမှာခါးသီးလွန်းပေမယ့်မိဘတွေကျေနပ်အောင်ခေါင်းငြိမ့်လိုက်ရသည်

မင်္ဂလာပွဲပြီးပေမယ့်ငိုပွဲကခုမှစသည် တစ်ခါမှမခွဲဖူးတဲ့မိဘအိမ်ကနေဂျီဂျီသူ့တိုက်ကိုလိုက်လာခဲ့ရပြီ...
အမြဲတမ်းဂျီဂျီဘယ်သွားသွားစိတ်ပူတဲ့မေမေကခုချိန်မှာတော့စိတ်ချလက်ချသူ့နောက်ကိုထည့်ပေးတာကိုလည်းအံ့သြရပါသည်

" ဟေ့ကောင်.."

ကားမောင်းနေရင်းအင့်ခနဲရိူက်သံကြားတော့လှည့်ကြည့်မိသည်

" မင်းငိုနေတာလား.."

" မဟုတ်ဘူး..မျက်လုံးထဲသဲ၀င်သွားလို့"

အံကြိတ်ပြီးပြောတဲ့အသံလေးကအက်ရှရှ...

" မင်းပဲငါ့ကိုgayစေချင်တာမလား..ဟွန်း ယောကျာ်းဆိုတာမငိုရဘူးကွ.."

" ဂျီဂျီသိတယ် ခင်ဗျားလျှာမရှည်နဲ့.."

နေရောင်..သက်ပြင်းချ၍ကားဆက်မောင်းနေလိုက်သည်

" ခင်ဗျားအိမ်မှာအိပ်ခန်းဘယ်နှစ်ခန်းရှိလဲ.."

" မင်းဘာလုပ်မလို့လဲ.."

" ဂျီဂျီ..ခင်ဗျားနဲ့အတူမနေဘူး.."

" ငါပြောပြီးပြီပဲ..မင်းကိုငါမိန်းမတစ်ယောက်လိုမသတ်မှတ်ထားဘူး..အဲ့တော့အတူနေနေမနေနေငါ့အတွက်ဘာမှမပြောင်းလဲဘူး.. "

"ပြီးရော.."

🍬🍬🍬

အိမ်ရောက်တာနဲ့ကိုယ့်အခန်းကို၀င်လိုက်ကြသည်..
တစ်ညနေလုံးမိတ်ဆွေတွေနဲ့စကားပြောဧည့်ခံထားရတော့လူကငြီစီစီဖြစ်နေပြီ..
ဒါတောင်မိတ်ဆွေအနည်းအကျဉ်းပဲဖိတ်ထားပေလို့..
ရုတ်တရတ်ကြီးထဖြစ်တဲ့မင်္ဂလာပွဲကြောင့်ရွေ့ပစ်လိုက်ရတဲ့အလုပ်တွေနည်းသလား...

အလုပ်ထက်ပိုအရေးကြီးနေတာ‌ချစ်ခြင်းပြည့်စုံနဲ့အတူလျှောက်လှမိးရမယ့်သူ့ရဲ့အနာဂတ်...
စတွေ့ကတည်းကတောက်လျှောက်သတ်နေရတဲ့အိမ်ထောင်ရေးကဘယ်လိုမှအဆင်ပြေနိုင်ဖွယ်မရှိ...
ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုသူဘယ်လိုထိန်းရပါ့မလဲ...

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now