အခန်း(၉)

937 43 1
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၉)

🍬🍬🍬

ဒီနေ့ကပိတ်ရက်မို့ဘာလုပ်ရမလဲစဉ်းစားရင်းကုတင်အောက်ကိုထိုးထည့်ထားတဲ့လက်ဂေ့ခ်ျကြီးကိုသတိရမိသည်
ဦးနေရောင်တို့အိမ်ကိုပြောင်းလာကတည်းကဒီတိုင်းထားတဲ့အိတ်ကြီး....
အချိန်တန်ရင်လစ်ပြေးရမယ်ဆိုပြီးအ၀တ်တွေကိုဗီဒိုထဲမထည့်ပဲထားခဲ့တာ...
ခုပဲဒီအိမ်မှာနေတာတစ်လကျော်နေပြီ...မသွားခင်တော့ဗီဒိုထဲထည့်ထားမှဖြစ်မှာ...အ၀တ်တွေကျေကုန်ရင်မီးပူပြန်တိုက်ရတာလက်ညောင်းသည်....

ကုတင်အောက်ကအိတ်ကြီးကိုမနိုင်မနငိးဆွဲထုတ်၍ကုတင်ခြေရင်းဘက်မှာတင်ပြီးဖွင့်လိုက်သည်...

" ကျွတ်..ကျွတ်..ငါတော်တော်စည်းကမ်းမရှိပါလား.."

ထင်တဲ့အတိုင်းဆွဲဖွထားတဲ့အ၀တ်တွေကတော်တော်‌ကြေမွနေပါပြီ...မေမေသာမြင်ရင်ဘယ်လောက်ဆူလိုက်မလဲ...ဘာပဲဖြစ်ဖြစ်အိမ်မှာသာဆိုဆူဆူပြောပြောနဲ့မေမေ‌ကပဲဂျီဂျီဖွထားသမျှပစ္စည်းတွေကိုယူသိမ်းပေးသွားတတ်သည် ခုကျတော့ကိုယ့်ဘာသာလုပ်ရတာအလုပ်ရူပ်လိုက်တာ...

တစ်ထည်ချင်းစီယူခေါက်ပြီးဗီဒိုထဲကိုသပ်သပ်ရပ်ရပ်ပြန်ထည့်ရသည်...

နောက်ဆုံးတစ်ထည်ကျတော့ချက်ချင်းမခေါက်ဖြစ်ပဲလက်ပေါ်မှာတင်ပြီးအကြာကြီးငေးကြည့်နေမိသည်...
ဟောင်းနွမ်းနေပြီဖြစ်တဲ့အပြာရောင်အပေါ်ထပ်ရှပ်အင်္ကျီလေး...
ဒီအင်္ကျီရဲ့ပိုင်ရှင်ကိုပြန်ပေးဖို့စောင့်နေပေမယ့်ခုထိရှာမတွေ့သေးပါ...
လွှတ်ပစ်ဖို့လည်းမလုပ်ရက်တာကြောင့်ဂျီဂျီ့လက်ထဲမှာခုထိရှိနေ‌ေသးသည်...သိမ်းရင်းသိမိးရင်းနဲ့တော်တော်လည်းဟောင်းနွမ်းလာပါပြီ...ဒါလည်းတစ်နေ့တွေ့ရင်ပြန်ပေးမယ်ဆိုတဲ့အတွေးနဲ့မလွင့်ပစ်နိုင်သေး...သူ့ကိုပြန်တွေ့ရင်တောင်ဂျီဂျီ့ကိုမှတ်‌မိတော့မယ်မထင်ပါ..
12နှစ်တောင်ကြာခဲ့ပြီပဲဂျီဂျီကလည်းသူ့ကိုသိပါတော့မလား...မသေချာတဲ့အလုပ်မှန်းသိရက်နဲ့ဒီအင်္ကျီကိုခုထိသိမ်းထားမိနေတုန်းပဲ...
စတွေ့ကတည်းကဂျီဂျီ့ကိုမိန်းကလေးမှန်းသိတဲ့သူကဒီအင်္ကျီပိုင်ရှင်တစ်ယောက်တည်းသာ....

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now