အခန်း(၈)

659 34 1
                                    

ချစ်တာသူ့ကို...🍭 (season2)
အခန်း(၈)

🍬🍬🍬

အိမ်ကိုပြန်လာကတည်းကစိတ်ထဲမှာလေးနေမိပေမယ့်ဒီလောက်ထိတော့မဖြစ်နိုင်ဘူးလို့ထင်မိတာ...
ခြံရှေ့မှာကားရပ်မိတာနဲ့ပါးစပ်အဟောင်းသားဖြစ်သွား၏
တော်ရုံလူအနားမကပ်နိုင်သောသူ့ခြံတံခါးတွင်သံပန်းတွေပြုတ်ထွက်၍လူတစ်ယောက်စာအပေါက်ကြီးဖြစ်နေ၏....သေသေချာချာကိုသံဖြတ်လွှနဲ့ဖြတ်ထုတ်ထားတာ....

" တောက်!! "

အသက်ရူသံတွေပါပြင်းလာပြီးဒေါသတွေတရိပ်ရိပ်ထွက်လာသည်

" ချစ်ခြင်းပြည့်စုံ!!!..."

" ဒုန်း.."

ခြံတံခါးကိုဒုန်းခနဲဆွဲဖွင့်လိုက်သည် ဒီကိစ္စကိုဘယ်လိုမှခွင့်လွှတ်ပေးလို့မဖြစ်...

" မင်းခုထွက်ခဲ့စမ်း.."

" ကိုကြီး.."

အခန်းထဲမှာညီမနှစ်ယောက်ကငုတ်တုတ်လေးတွေထိုင်နေပြီးသူ့ကိုမြင်မှအနားပြေးလာကြသည်
" ကိုကြီးရောက်လာပြီလား.."

" မောနေလားဟင်.."

" နင်တို့နှစ်ယောက်ဖယ်စမ်း...ဟိုတစ်ယောက်ကိုငါ့အိမ်ပေါ်ကကန်ချတော့မယ်..."

" မလုပ်ပါနဲ့ကိုကြီးရယ်..အဲ့ဒါညီမလေးတို့ကြောင့်ပါ.."

" ဘာ..! "
ကိုကြီးရဲ့မျက်၀န်းစူးစူးတို့ကကံသာဆီ့ကိုတန်းခနဲ...

"ဟို.. ကိုကြီးကဂျီဂျီ့ကိုသော့ခတ်ခဲ့တာမလား..ညီမလေးတို့အိမ်ထဲ၀င်နိုင်အောင်ဂျီဂျီကတံခါးဖြတ်ပေးတာပါ.."

" နင်တို့ဘာသိလို့လဲ..သူအပြင်ထွက်ဖို့တမင်ဂွင်ဆင်တာ..နင်တို့ရောက်လာတော့ပ်ိုအဆင်ပြေသွားတာပေါ့..တောက်!! "

ကိုကြီးကတစ်မျက်နှာလုံးရဲ၍ဒေါသတွေထွက်နေသည်
ကိုကြီးကသူ့ပစ္စည်းတွေကိုဖျက်ဆီးတာလုံး၀မကြိုက်ပေ..ပြီးတော့ခုဟာကတမင်သက်သက်လုပ်ထားမှန်းသိသာနေတာကို...

" စိတ်လျှော့လိုက်ပါကိုကြီးရယ်...ညီမလေးတို့နှစ်ယောက်ကကိုကြီးကိုတောင်းပန်ဖို့လာတာပါ"

" ဟင်.."

အံ့သြလို့မှမဆုံးသေး ညီအစ်မနှစ်ယောက်စလုံးသူ့ရှေ့မှာထိုင်ချ၍နှစ်ယောက်စလုံးလက်အုပ်လေးတွေချီလိုက်သည်...

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now