အခန်း(၁၃)

388 18 1
                                    

ချစ်တာသူ့ကို...🍭( season2)
အခန်း(၁၃)

🍬🍬🍬🍬🍬

" ခင်ဗျားဘာ၀င်လုပ်တာလဲ.."

" ငါဒီမှာအိပ်မှာလေ.."

" ဘာ!! "

ဂျီဂျီကသူ့ရှေ့ဆက်တိုးလို့မရအောင်တံခါးပေါက်နားမှာရပ်နေပြီးလက်ပိုက်လျက်အပြင်ကိုမှေးဆတ်ပြသည်
" အိမ်မှာအခန်းတွေအများကြီးရှိတယ်လေ တခြားအခန်းမှာသွားနေ.."

မတ်တပ်ရပ်ပြီးလူကိုမတူသလိုမတန်သလိုနှင်လွှတ်နေတော့သည်းခံချင်စိတ်ကုန်သွား၏

" မင်းနဲ့ငါဘာတော်လဲ.."

" ဘာလဲ.."

" ကျစ်.."

"ခ..ခင်ဗျား..ရှေ့တိုးမလာနဲ့နော်.."

တဖြည်းဖြည်းဂျီဂျီ့အနားကိုတိုးကပ်လာတော့ဂျီဂျီ့ခြေလှမ်းတွေနောက်ဆုတ်သွား၏

" မေးနေတာဖြေ.."

" .... "

ပြန်မဖြေပဲမူန်ကုတ်ကုတ်ကြည့်နေတော့ပိုအသည်းယားလာသည်
" ဘာမှန်းမသိသေးရင်ငါသိသွားအောင်လုပ်ပြရမလား.."

" ခင်ဗျားမယုတ်မာနဲ့နော်..ဗလအားကိုးပြီးအနိုင်ကျင့်ဖို့မကြိုးစားနဲ့...ဂျီဂျီပြန်သတ်မှာ..အ"

စကားမဆုံးခင်လက်မောင်းလေးတစ်ဖတ်ကိုစောင့်ဆွဲလိုက်၏

" ဒီဗလလေးနဲ့ငါ့ကိုသတ်နိုင်မှာမို့လို့လား.."

ဂျီဂျီ့လက်နှစ်ဖတ်စလုံးကိုဆွဲ၍ချုပ်ထားပြီးမျက်နှာချင်းကပ်မတပ်ရှေ့တိုးလာသည် ခြေထောက်တွေကလည်းကိုယ်လုံးချင်းကပ်ပြီးဖိထားတော့လူပ်လို့မရပေ...

" မကြောက်ဘူး..လို့ပြောလေ..မင်းပြောနေကျစကားလုံးသုံးလုံးပဲ.."

ပြူးပြဲကြည့်နေတဲ့မျက်နှာလေးကိုငုံ့မိုးကြည့်ပြီးစိန်ခေါ်လိုက်သည်
ကိုယ့်နောက်မှာမွေ့ယာကြီးပဲရှိတော့တာမို့ဂျီဂျီတဖြည်းဖြည်းနဲ့သူ့ကိုကြောက်လာသည် ဘယ်လိုပဲရဲဆေးတင်နေပါစေ..အားချင်းယှဥ်ရင်သူနဲ့ကိုယ်ကအကွာကြီး..ပြီးတော့လုံး၀မဖြစ်ချင်တဲ့အမှန်တရားတစ်ခုကဂျီဂျီကမိန်းကလေး...

လက်က်ိုရုန်းလိုက်တော့ပြန်လွှတ်ပေးသည်
" ကြောက်လန်မနေနဲ့...ငါ့ကိုလာပြဿနာမရှာသရွေ့မင်းကိုဘာမှမလုပ်ဘူး..လူကိုဘာမှတ်နေလဲ.."

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now