ချစ်တာသူ့ကို...🍭(Season2)
အခန်း(၁၆)🍭🍭🍭
" ဟေ့..ဒါကဘယ်လဲ.."
" ခင်ဗျားကခုထိအလုပ်မသွားသေးဘူးလား.."
ဂျီဂျီကသူအလုပ်သွားပြီထင်ပြီးအပြင်သွားဖို့ဆင်းလာခါမှသူကဧည့်ခန်းမှာလပ်တော့ပ့်ထ်ိုင်သုံးနေသည်
" ငါမေးတာဖြေစမ်းပါ "
" ဒီနေ့သူငယ်ချင်းတွေလာမှာလေ သွားတွေ့မလို့.."
" ကောင်းသားပဲ..ဒီကိုခေါ်လ်ိုက်လေ..ငါလည်းဒီနေ့အလုပ်မသွားဘူး.."
ထင်တဲ့အတိုင်းဆတ်ခနဲလှည့်ကြည့်တဲ့မျက်နှာကမျက်မှောင်ကုတ်နှင့်...
" ခင်ဗျားတော်တော်အားနေလား..ဘာလုပ်ဖို့တွေ့မှာလဲသူများသူငယ်ချငိးတွေကို.."" မင်းနဲ့ဆိုင်ရင်ငါနဲ့လည်းဆိုင်တယ်လေ.."
"ကျစ်.. ဦးနေရောင်..ခင်ဗျားသူများကိစ္စတွေ၀င်မပါပါနဲ့..ခင်ဗျားအမိန့်ပေးတိုင်းနားထောင်တဲ့အချိန်ကပြီးသွားပြီ..."
ဂျီဂျီ့စကားကြောင့်သူကမော့ကြည့်ပြီးလပ်တောပ့်ကိုပိတ်ပစ်လိုက်သည်
" အမိန့်ပေးနေတာမှမဟုတ်တာ..နေစမ်းပါဦး..
မင်းဘာလို့ငါ့ကိုရန်လိုနေတာလဲ..."" စောစောစီးစီးခင်ဗျားပြဿနာရှာတာလေ..ကိုယ်သွားစရာရှိမသွားဘဲရူပ်ရူပ်ရှပ်ရှပ်နဲ့..."
သူ့ကိုပြောဆိုပြီးအပေါ်ပြန်တတ်သွား၏
" ဟေ့..ဘယ်ပြန်တတ်သွားတာလဲ.."
" အိမ်မှာမကောင်းဆိုး၀ါးကြီးရှိနေလို့လာလို့မရဘူးပြောလိုက်မယ်..."
" ဟား..ဟား..ဟား.."
မနက်ခင်းတိုင်းဟာဤသို့စိုပြေလေသည်
🍬🍬🍬🍬🍬
" ဒေါက်..ဒေါက်.."
" ဂျီဂျီ..အိပ်နေတာလား.."
ဧည့်ခန်းမှာကျောက်ချထိုင်နေတဲ့သူ့ကိုစိတ်တ်ိုပြီးအိပ်ပစ်လိုက်တာ...တံခါးခေါက်သံကြောင့်နိုးသွား၏ သူမှန်းသိနေလို့တမင်အသံမပေးဘဲနေလိုက်သည်...
ခဏကြာတော့တံခါးခေါက်သံထွက်လာပြန်သည်
" ဒေါက်..ဒေါက်.."
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romansaseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...