ချစ်တာသူ့ကို...🍭(season2)
အခန်း(၁၅)🍬🍬🍬🍬
မနက်ပိုင်းကပြဿနာနည်းနည်းတတ်ခဲ့ပေမယ့်ဒီနေ့တစ်နေကုန်အဆင်ပြေနေသည် သူငယ်ချင်းတွေနဲ့သွားတွေ့ပြီးဖုန်းshowroomတစ်ခုထောင်ဖို့ကိုအကောင်အထည်ဖော်နိုင်ခဲ့သည် ဂျီဂျီရယ် ကျောင်းကသူငယ်ချင်းမလေး၂ယောက်ရယ် ပေါင်းပြီးလုပ်ကြမှာ...နေရာလည်းသွားကြည့်ပြီးပြီ...
မေမေနဲ့ဖေဖေဆီကမုန့်ဖိုးတောင်းလိုက်ရင်ရှယ်ယာ၀င်ဖိုကလောက်ငှတဲ့အပြင်ပိုနိုင်သေးသည်showroomထောင်ပြီးရင်အလုပ်လုပ်မယ့်သူတွေကလည်းကိုယ်နဲ့သိတဲ့ကောင်တွေချည်းပဲဆိုတော့ပူစရာမလိုတော့ပေ..
အကူအညီလိုရင်ဖေဖေလည်းရှိသည် ဖုန်းအကြောင်းကျွမ်းကျင်ပြီးအဆက်အသွယ်ကောင်းသည့်တဲ့အမွှာနှစ်ကောင်လည်းရှိသည် ညနေစောင်းတော့အလုပ်ကိစ္စလည်းပြီးပြီမို့ဆိုင်ကယ်လေးတစ်စီးနဲ့ပေါ့ပေါ့ပါးပါးအိမ်ပြန်လာခဲ့သည်" ring>>ring>> "
လမ်းမှာမီးပွိုင့်မိနေတုန်းဖုန်း၀င်လာ၏" ဟယ်လို.. "
" ချစ်ခြင်းပြည့်စုံ..မင်းအခုဘယ်မှာလဲ.."
ဒီနာမည်ကိုမမောနိုင်မပမ်းနိုင်ခေါ်နေတဲ့သူဆိုလို့တစ်ကမ္ဘာလုံးမှာတစ်ယောက်တည်းသာရှိလေသည်
သူ့အသံကြားတာနဲ့ဂျီဂျီကလည်းမျက်မှောင်ကုတ်ပြီးသား.." အိမ်ပြန်နေပြီ ရောက်တော့မရောက်သေးဘူး"
" ဒါဆိုငါ့ကို၀င်ခေါ်ပါလား.."
" ဘာ!! ခင်ဗျှားဘာသာပြန်လာလေ ဂျီဂျီကဆိုင်ကယ်နဲ့သွားနေတာ..."
" သိတယ်..ငါ့ကားပျက်သွားလို့.."
" ကားပျက်ရင်တက္ကဆီငှားပြန်လေ.."
" မင်းလျှာမရှည်ပါနဲ့..ခုလာခေါ် ဒါပဲ.."
" ကျစ်..တော်တော်ပြဿနာရှာတဲ့လူ.."
၀င်မခေါ်ချင်ပေမယ့်ကိုယ့်အစားပါးရိုက်ခံပေးတဲ့မျက်နှာကိုထောက်၍ဆိုင်ကယ်ကိုလမ်းပြန်ကွေ့၍သူ့ကို၀င်ခေါ်ရလေသည် စောစောကပျော်နေတာတောင်ဘယ်ရောက်ကုန်မှန်းမသိ...
ကုမ္ပဏီမှာလုံခြုံရေးနဲ့သန့်ရှင်းရေးအလုပ်သမားအနည်းအကျဥ်းလောက်သာကျန်တော့သည်...
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romanceseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...