အခန်း(၁၂)

722 43 1
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၁၂)

🍬🍬🍬🍬🍬

" ဒါကြီးက.."

" လွန်းအံ့သြသွားပြီမလား...ငါတို့လည်းဒီလိုပဲ..အစကသူတို့နှစ်ယောက်ကိုမချစ်တော့ဘူးပဲထင်တာ..ခုကြည့်စမ်းပါဦး..ဒါတောင်ငါ့သားတွေကခေါင်းချင်းဆိုင်ပြီးတအံ့တသြကြည့်နေတာမြင်မှငါလည်းသိတာ..facebookမှာတော်တော်နာမည်ကြီးနေတာဆိုပဲ..စုံတွဲတွေကအားကျနေကြတာတဲ့...နင်မသိလောက်ဘူးထင်လို့ငါယူလာတာ..."

မမလ၀န်းကဟန်ပါပါပြောနေသလောက်လွန်းကတော့ဘယ်လိုမှမပြုံးနိုင်...
ဒီနှစ်ယောက်ဖြစ်လိုက်ရင်အမြဲတမ်းတိုင်းသိပြည်သိ...
ခေတ်ကိုကပြောင်းလဲလာတာလား...
လူငယ်တွေကပဲRomaticပိုဆန်လာကြတာလား...စိတ်တွေကိုကုန်ရောပဲ...
ကိုယ့်သမီးမို့လို့ဒေါသလည်းဖြစ်မိသည်..
ဟိုသူငယ်ကရောဘာအချ်ိုးလဲ...ဒါမျိုးကိုလူရှေ့မှာလုပ်စရာလား...

လွန်း..ဖုန်းလေးကိုပြန်ပေးလိုက်သည်
ခုလောက်ဆိုမြတ်သောလည်းသိလောက်ရောပေါ့...သူ့သမီးအတွက်တော်တော်စိတ်ညစ်နေမှာပဲ...

🍬🍬🍬

" ဒေါက်..ဒေါက်.."

တံခါးခေါက်နေပေမယ့်ပြန်ဖြေသံမကြားရ...

" ချစ်ခြင်းပြည့်စုံ..ဒေါက်..ဒေါက်.."

" ..... "

"ကျစ်..မင်းမသေသေးရင်ပြန်ဖြေကွာ.."

" ..... "

" အေး..ခုငါတံခါးဖွင့်ပြီး၀င်လာပြီ..."

" ခင်ဗျားထွက်သွားနော်..ခင်ဗျားအသံမကြားချင်ဘူး.."

သူ၀င်လာတော့မယ်ဆိုမှအသံ‌ေလးထွက်လာသည်

" ဒါဆိုမငိးခုထွက်လာခဲ့.."

ပြန်ဖြေသံမကြားရတော့ကိုယ့်ဘာသာတံခါးဖွင့်ပြီး၀င်လာလိုက်သည်

" ချစ်ခြင်းပြည့်စုံ..."

ကြည့်လိုက်တော့အိပ်ယာပေါ်မှာလည်းရှိမနေပါ စောစောကဘယ်နားကလှမ်းဖြေနေတာလဲ...
မျက်လုံးကနံရံကပ်ဗီဒိုဆီအကြည့်ရောက်တော့မှသူ့နောက်မှာခဲတံချွန်တဲ့ဓားကိုင်၍တရှိန်ထိုးပြေး၀င်လာတဲ့အရိပ်ကြောင့်ကိုယ်ကိုတစ်လှမ်းရွေ့၍ရှောင်လိုက်ရသည်

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now