အခန်း(၁၄)

842 44 2
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၁၄)

🍬🍬🍬🍬🍬

" ဒေါက်..ဒေါက်.."

" ဘယ်သူလဲဟေ့.."

" လေးလေးထက်မြက်..ဂျီဂျီ၀င်လာလို့ရမလား..ဦးနေရောင်ကိုပြောစရာရှိလို့.."

" ၀င်ခဲ့.."

အခန်းထဲကိုဒေါသတကြီး၀င်လာပြီးသူ့ဦးလေးကြည့်နေတာမြင်မှကိုယ်ရှိန်သတ်၏ ဂျီဂျီကဦးလေးကိုတော့ရှိန်ပုံပင်....

ခုံဆွဲပြီးသူ့အနားမှာကပ်ထိုင်၏
" ခင်ဗျားဘာလုပ်ထားလဲသိတယ်နော်.."

" ဘာကိုလဲ.."

" မသိချင်ယောင်ဆောင်မနေနဲ့.."
သူ့နားကပ်ပြီးအံကြိတ်ပြ၏ ကြောက်စရာမျက်နှာလေးကြောင့်ရယ်မိသည်..

" အဲ့တော့မင်းခုငါနဲ့ပြန်လိုက်မှာလား.."

" NOပဲ.."

" okလေ..ငါမနေ့ညကမင်းကိုရှာမတွေ့လို့မင်းအမေဆီလှမ်းဖုန်းဆက်ကြည့်တယ် ဒီကိုလာရှာလို့မင်းအမေပဲညွှန်လိုက်တာ..မနက်ရောက်လို့မင်းပြန်မလ်ိုက်ရင်သူ့ကိုဖုန်းဆက်လိုက်တဲ့..ဒါဆ်ိုငါဖုန်းခေါ်လ်ုက်တော့မယ်.."

" နေဦး.."

ဖုန်းဆွဲထုတ်တော့လက်ကိုအတငိးဖိထား၏

" မေမေ မလာပါဘူး ခင်ဗျားလိမ်နေတာမလား"

" မင်းဦးလေးကိုမေးကြည့်လေ.."

" လေးလေးတကယ်လား.."

" ဘာတုန်းဟ.."

" မေမေလာမယ်ဆို.."

" အေးလေ.."

လင်မယားနှစ်ယောက်တိုးတိုးကျိတ်ကျိတ်ဘာတွေပြောနေမှန်းမသိပေမယ့်နေရောင်အကြည့်ကသူ့ကိုစစ်ကူတောင်းနေမှန်းသိတာကြောင့်အခြေအနေအရခေါင်းငြိမ့်ပြလိုက်ရသည်

" ကျစ်..ဟာကွာ.."

မေမေလာရင်ဂျီဂျီ့ကိုသေချာပေါက်ပြန်ခေါ်သွားမှာ..ဘယ်လိုလုပ်ရပါ့မလဲ...

ဂျီဂျီကခုံပေါ်မှာလက်သီးဆုတ်၍မျက်ခုံးလေးခပ်တွန့်တွန့်နဲ့စဥ်းစားနေ၏

" ဘယ်လိုလဲ..ခေါ်လ်ိုက်ရတော့မလား.."

" မခေါ်နဲ့!! "

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now