ဆေးရုံကန်တင်းဟာဒီနေ့ကျမှအရင်နေ့တွေနဲ့မတူစွာတိတ်ဆိတ်လို့နေသည် နေ့လည်စာစားချိန်မို့ဇွန်း ခက်ရင်းတွေရဲ့တချွင်ချွင်မြည်သံတွေနဲ့ ဝန်ထမ်းတွေရဲ့တီးတိုးစကားပြောသံတွေဟာလေထုထဲမှာအနည်းငယ်သာရှိလို့နေတယ်။ ယူရင်းကဝန်နူးနဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေကာ ရှေ့ကကော်ဖီခွက်ကိုဘဲအကြောင်းအရင်းမရှိဇွန်းဖြင့်မွှေနေမိတယ် ရှေ့ကဆရာဝန်ကတော့သူ့အားမျက်ခုံးတွေတွန့်ချိုးကာကြည့်နေပြီး
"နင်အရင်ကလိုသောကြာနေ့တွေဆိုငါ့ဆီမလာတော့ဘူး ဘာလို့လဲ"
ဝန်နူးကိုပြန်မကြည့်ဘဲ ပုခုံးတွန့်ပြလိုက်ကာ
"ငါဒီတိုင်း...အလုပ်များနေလို့ ပီးတော့အဖေကလည်းငါ့ကိုအရင်လိုဒဏ်ရာတွေမပေးတော့ဘူးအခုတလော"
သူ့ကိုမကြည့်ဘဲပြန်ဖြေလာတဲ့ယူရင်းကိုသိပ်မကျေနပ်သေးတာမို့ မျက်ခုံးပင့်ကာ "ဘာအလုပ်များတာလဲ" ဆိုပြီးထပ်မေးလိုက်တော့သူ့မေးခွန်းကိုမဖြေဘဲထိုင်ခုံနောက်ကိုမှီပြီးသူ့ကိုပြုံးပြီးကြည့်ကာ
"ဝန်နူး နင်အချစ်ဆိုတာကိုဘယ်လိုထင်လဲ"
ရုတ်တရပ်ဆန်တဲ့မေးခွန်းကြောင့်ဝန်နူးအံ့ဩမိသွားသည် ခနစဥ်းစားပြီးတဲ့နောက်စားပွဲပေါ်ကိုလက်ထောက်လိုက်ကာ
"အဲ့မေးခွန်းရဲ့အဖြေကိုနင်ကငါ့ထက်ပိုသိမယ်မလား နင်လူတယောက်ကိုချစ်ခဲ့ဖူးတာဘဲဟာ"
သူပြောလိုက်တဲ့စကားကြောင့် သူ့ကိုပြုံးပြီးကြည့်နေတဲ့ယူရင်းရဲ့အပြုံးဟာအနည်းငယ်မှေးမှိန်သွားတယ်
"ဟုတ်မှာပါ" အေးစက်စက်ဘဲတုံ့ပြန်လာကာ
"ငါနင့်ကိုတခုပြောပြမယ်နော် လူတယောက်ကိုသဘောကျတယ် ချစ်တယ်ဆိုရင် အဲ့တာကိုရင်ထဲမှာဘဲသိမ်းထားပြီးအချိန်တွေကိုဖြုန်းမပစ်နဲ့ စကားလုံးတွေနဲ့သိအောင်ထုတ်ပြော အမူအရာနဲ့လည်းသိအောင်ထုတ်ပြ ရှိတဲ့အချိန်လေးမှာချစ်ရတဲ့သူနားမှာရနိုင်သလောက်တူတူနေ ကိုယ့်ရင်ထဲမှာဘဲသိမ်းထားလို့ဘာတခုမှမကောင်းဘူးဝန်နူးရ"
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ