Announcement
"မကြာမီအချိန်အတွင်းကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်သို့ဆင်းသက်တော့မည်ဖြစ်ပါသဖြင့်ခရီးသည်များကိုယ့်နေရာတွင်ကိုယ်ထိုင်ကာခါးပတ်များပတ်ထားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်"
လေယာဥ်မယ်ရဲ့အသံကြောင့်သူဘေးပြတင်းပေါက်ကနေအောက်ကိုကြည့်မိတော့ကြီးမားလှတဲ့အင်ချွန်းလေဆိပ်ကိုအပေါ်စီးကနေမြင်နေရသည်။ ၁၃နာရီကြာအမေရိကားကနေလေယာဥ်အကြာကြီးစီးလာပြီးတဲ့နောက်မှာတော့ဒိုဂယောင်းဒီနိုင်ငံကိုပြန်ရောက်လာခဲ့ပြီ။ မြေပြင်ပေါ်မှာလှပစွာတည်ရှိနေတဲ့ကိုရီးယားနိုင်ငံဟာသူ့ရဲ့အမြင်အာရုံထဲကိုဝင်ရောက်လာတော့ ရင်းနှီးသလိုရှိပေမယ့်အရမ်းအလှမ်းဝေးနေသလိုခံစားချက်တချို့ကပါဝင်ရောက်လာသည်။ လေယာဥ်ကမြေပြင်ပေါ်ကိုစတင်ဆင်းသက်လာတာမလို့အသက်ပြင်းပြင်းရှုလိုက်ကာထိုင်ခုံလက်ကိုင်ကိုဆုပ်ကိုင်ထားမိသည်။
"၁၄နှစ်အကြာမှာပထမဆုံးအကြိမ်ပြန်ရောက်လာခဲ့ပြီဘဲ"
များပြားလှတဲ့အိတ်တွေကြားကနေသူ့ရဲ့ခရီးဆောင်အိတ်ကိုရွေးယူလိုက်ကာလွန်ခဲ့တဲ့၁၄နှစ်ကလိုဘဲစည်ကားနေစဲဖြစ်တဲ့အင်ချွန်းလေဆိပ်ကနေထွက်လာလိုက်တော့ပထမဆုံးမြင်တွေ့လိုက်ရတဲ့အရာက
"Welcome to Korea"
ပြန်လာမည့်အကြောင်းဘယ်သူ့ကိုမှမပြောပြထားတာကြောင့်လာကြိုမယ့်သူမရှိတဲ့သူ့အတွက်ထိုဆိုင်းဘုတ်ကသူ့အားပထမဆုံးနှုတ်ဆက်လာသည်
ချိုသက်သက်အပြုံးတခုကိုဆင်မြန်းကာ"အမေ ကျတော်ပြန်ရောက်လာပြီ"
ကိုရီးယားကိုပြန်ရောက်ရောက်ချင်းအရင်ဆုံးသွားမိသည့်နေရာကအမေဖြစ်သူရဲ့မွေးရပ်မြေ။ သွားနေတဲ့လမ်းတလျှောက်ကားပေါ်ကနေပတ်ဝန်းကျင်ကိုကြည့်မိတော့ သူ၁၄နှစ်လောက်နေခဲ့တဲ့နေရာနှင့်ပင်ဆင်တူသလို အချိန်ကွာခြားမှုနဲ့ရာသီဥတုကလွဲရင်ခြားနားချက်ကသိပ်မရှိနေ။ နေရာတိုင်းမှာမြင့်မားလှတဲ့အဆောက်အဦးတွေနဲ့အရင်ကထက်ပိုအဆင့်မြင့်လာတဲ့နေထိုင်မှုပုံစံတွေနဲ့ကိုရီးယားနိုင်ငံကတကယ်ကိုကွာခြားသွားပြီဘဲ ဒါမှမဟုတ်သူကဘဲငယ်လွန်းသေးတာကြောင့်မမှတ်မိခဲ့တာများလား။ မြို့ပြလူနေမှုကိုကျော်လွန်လာပြီးတဲ့နောက်သူသွားချင်နေတဲ့နေရာကိုရောက်ရှိလာသည်။
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ