Part 9 ကနေစပြီးပါလာတော့မယ့် CIPA ဆိုတဲ့ရောဂါအကြောင်းလေးနည်းနည်းလာပြောပြတာပါ
တချို့သိပြီးသားသူတွေလည်းရှိနိုင်ပေမယ့် ဘာမှန်းမသိတဲ့သူတွေလည်းရှိနိုင်တာမလို့ Ren သိသလောက်လေးရှင်းပြပေးပါမယ်နော်CIPA (Congenital insensitivity to pain with anhidrosis) ဆိုတာကမွေးရာပါရောဂါတမျိုးဖြစ်ပြီး နားလည်အလွယ်ဆုံးဆိုရင်တော့ဘယ်လိုနာကျင်မှုမျိုးကိုမှမခံစားရတဲ့ရောဂါတမျိုးပါ နွေရာသီမှာအပူချိန်ကိုမခံစားနိုင်သလို ဆောင်းရာသီမှာလည်းအအေးဒဏ်ကိုမခံစားရပါဘူး သာမန်လူတွေလိုခန္ဓာကိုယ်ကနေချွေးလည်းမထွက်တဲ့အတော်လေးကိုရှားပါးတဲ့အာရုံကြောရောဂါတမျိုးပါ ခန္ဓာကိုယ်ကနေချွေးမထွက်တာကြောင့် CIPA လူနာတွေကသူတို့ရဲ့ body temperature ကိုလည်းထိန်းချုပ်လို့မရပါဘူး ခန္ဓာကိုယ်ကနေဘယ်လိုနာကျင်မှုမျိုးကိုမှတုံ့ပြန်ခြင်းမရှိတာကြောင့်မတော်တဆမှုလေးတွေကနေတောင်မှသူတို့ဟာအသက်သေဆုံးနိုင်ချေလည်းအရမ်းကိုမှများပါတယ် ဥပမာအနေနဲ့ဆိုရင်နာကျင်မှုဆိုတာကိုမခံစားရတာကြောင့် အိပ်ပျော်နေတုန်းမျက်ခွံကိုလက်နဲ့အဆက်မပြတ်ပွတ်မိရင်းကနေကိုယ်ကိုတိုင်တောင်မသိလိုက်ဘဲမျက်ကြည်လွှာဆုံးရှုံးသွားနိုင်တာမျိုးပါ
ဒီရောဂါအမျိုးအစားကလက်တွေ့မှာတကယ်မရှိတာမျိုးမဟုတ်ပါဘူး ဖြစ်တဲ့လူနာအရေအတွက်အရမ်းနည်းတာပါ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင်မှတအားကိုရှားလွန်းတာကြောင့်ဒီရောဂါအတွက်ကုသလို့ရတဲ့နည်းလမ်းလည်းမရှိပါဘူး CIPA လူနာရှင်တွေကပုံမှန်အားဖြင့်အသက် 25 နှစ်အရွယ်ထိဘဲနေထိုင်နိုင်တဲ့သက်တမ်းရှိပါတယ် Ren ကိုယ်တိုင်လည်းအရမ်းအတွင်းကျကျကြီးတော့မသိပေမယ့် Dr John ဆိုတဲ့ kdrama ကနေသိလာတာပါ ဒီရောဂါဟာရှားပါးလွန်းတာကြောင့်ရောဂါလက္ခဏာတွေဟာလည်းအတိအကျမရှိသလို ကုသနိုင်တဲ့နည်းလမ်းလည်းမရှိတာမလို့ ဒီဇာတ်လမ်းထဲမှာပါလာမယ့်အကြောင်းအရာတွေဟာစာရေးသူရဲ့စိတ်ကူးတွေသာဖြစ်ပါတယ်ဆိုတာလေးအသိပေးချင်တာပါ စိတ်ဝင်စားတဲ့လူတွေကတော့ research လုပ်ကြည့်လို့ရပါတယ်ရှင့် အပြင်ကကုသနည်းနဲ့ဒီထဲကအရာတွေဟာဆေးပညာအရရောလက်တွေ့အရပါကွဲပြားနေနိုင်တာမလို့ကြိုအသိပေးတာပါရှင့်

YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞
Romanceချစ်ခြင်းမေတ္တာတခုအတွက် ငါတို့အသက်တွေဘယ်လောက်အထိပေးဆပ်ရဦးမလဲ