Part 9

33 4 2
                                    

ခန်းနားထည်ဝါကာတကမ္ဘာလုံးကတန်ဖိုးကြီးအစားအ​သောက်​တွေကိုသာ​ရောင်းချတဲ့နာမည်ကြီးစား​သောက်ဆိုင်ကြီးတခုရဲ့သီးသန့်အခန်းထဲမှာ​ထိုင်​နေတဲ့ဩဇာအာဏာအပြည့်နဲ့ယောကျာ်းတ​ယောက်။ ထို့​နောက်ခနအကြာမှာထိုအခန်းထဲကိုဝင်လာတဲ့​ဒေါက်ဖိနပ်သံခပ်ကျယ်ကျယ်တခု

"ရှုအာ မင်းအခုထိအဲ့​ဒေါက်ပါတဲ့ဖိနပ်​တွေစီးတုန်းလား"

သူ့အသံကြား​တော့ထိုလူကမျက်နှာရှုံ့မဲ့ပြကာသူ့​ရှေ့ကထိုင်ခုံမှာဝင်ထိုင်ပြီး

"မင်းလည်းငါ့ကို​သေမလိုဖုန်း​တွေဆက်​နေ ငါ့မှာအလုပ်နဲ့အကိုင်နဲ့ လူနာ​တွေနဲ့ကွ"

​ရှေ့က​ရေခွက်ကိုတကျိုက်ထဲ​သောက်ပစ်ကာသူ့ကို​ဒေါသသံနဲ့ပြန်​ပြောလာသူကတခြားသူ​တော့မဟုတ် ကိုရီးယားမှာလူချမ်းသာစာရင်းဝင်ဟုန်းမျိုးရိုးနဲ့ယွန်းမျိုးရိုးရဲ့ဒုတိယ​မြောက်သား ဟုန်းဂျိုရှုအာ ဒါမှမဟုတ်အများသိကြသလို ​ဒေါက်တာဟုန်းဂျီဆူး။

"ရှုအာ မင်းကိုအဲ့ကုမ္ပဏီကိုဘာ​ကြောင့်လွှတ်လိုက်လဲဆိုတာ​မေ့​နေပီလား"

"ငါဘာမှမ​မေ့ဘူး ငါ့အလုပ်ငါလုပ်ရင်း လုပ်ရမယ့်ဟာ​တွေလည်းလုပ်​နေတယ်"

သူ​ပြောတာကိုမ​ကျေနပ်တဲ့ပုံနဲ့​ခေါင်းခါလာတဲ့သူက

"မင်းအဲ့ကို​ရောက်​နေတာ၁လ​ကျော်ပီ​နော် ခုချိန်ထိငါတို့ဘာမှ​ရေ​ရေရာရာမသိရ​သေးဘူး"

"ဆွန်း​ချောရာ စိတ်ရှည်စမ်းပါလို့ တခုခုကိုလိုချင်ရင်ကိုယ့်ဘက်ကလည်းစိတ်ရှည်ရတယ်"

"ငါတို့အခုထိပ်တိုက်​တွေ့​နေတာတခြားသူမဟုတ်ဘူး ​ဂျောင်ယူရင်းဆိုတာမင်းသိ​သေးတယ်မလား သူ့လိုလူမျိုးကအရိပ်မပြရ​သေးခင်ကိုအ​ကောင်လိုက်မြင်ပီးသွားပီ အဲ့လိုလူမျိုးကိုငါတို့အကွက်ထဲ​ရောက်​အောင်အချိန်​တော့​ပေးရမှာ​ပေါ့ကွ"

"ငါ့ကို​နောက်၁လဘဲထပ်​ပေး သူ့လုပ်ငန်း​တွေအားလုံးရပ်သွား​အောင်လုပ်​ပေးမယ် ဟုတ်ပြီလား"

လုပ်ငန်း​တွေရပ်အောင်လုပ်​ပေးမယ်ဆိုမှ စဝင်လာကတည်းကတွန့်ချိုး​နေတဲ့မျက်ခုံးထူထူ​တွေကအနည်းငယ်​ပြေ​လျော့သွားတယ် ငါ့ဖိနပ်သံကိုအဲ့​လောက်​တောင်ကြည့်မရတာလားအဲ့​ကောင်က

𝐇𝐞𝐚𝐫𝐭𝐬 𝐢𝐧 𝐭𝐡𝐞 𝐂𝐫𝐨𝐬𝐬𝐟𝐢𝐫𝐞Where stories live. Discover now