မင်္ဂလာပွဲက အကျည်းချူံးသာဖြစ်ပြီးလူတွေကိုပုံပဲချပြတယ်။ အစိုးရအပြောင်းလဲ မငြိမ်မသက်မှုတွေကြောင့် သတို့သားမျက်နှာကိုတောင်ဖော်ပြမထားဘူး။ ဒါပေမယ့် ပြည်သူတွေသံသယမဝင်ဘူး။ ဝမ်ရိပေါ်ရဲ့ မိသားစုမှတ်ပုံတင်မှာရှောင်မျိုးရိုး တစ်ယောက် ပါဝင်လာတာကြောင့်ပင်။
____"ဒီ ၂ နှစ်တာ relationship တစ်ခုကအဲ့လောက်တောင်ပေါ့ပျက်ပျက်နိုင်လား။"
"......."
"တောင်းပန်ဖို့နေနေသာသာ ငါတို့လမ်းခွဲကြရအောင်လို့တောင်မပြောပဲ တစ်ဖက်မှာ လက်ထပ်လိုက်တယ်ဆိုတော့....ငါကဘာလဲ။ ငါကနင့်ရဲ့ဘာလဲ။ အခိုင်းစေ ဆိုရင်တောင်မှဟာ မင်းအလုပ်ထွက် ဆိုပြီး နစ်နာကြေးရသေးတယ်။ အခုငါကဘာလဲ။"
Rosi က တဆက်ဆက်အသားတွေရော အသံတွေရော တုန်နေပေမယ့် အရှေ့ကအမျိုးသားကကော်ဖီသောက်မပြတ်....
"ငါမေးနေတယ်လေ ဝမ်ရိပေါ် ငါကနင့်အတွက်ဘာလဲ။ ၂ နှစ်လုံးကို နင့်ရဲ့ ဆွေမျိုးအနေနဲ့ လူရှေ့မှာနေရတယ်။ ဒါပေမယ့် နင့်အနားမှာနေရလို့ငါပျော်တယ်။ နင်ဘက်က ချစ်သူရည်းစားတစ်ယောက်လို မဆက်ဆံပေမယ့် ငါ့ကတော့ ငါ့ချစ်သူက အနေအေးလို့ ၊ အလုပ်ကြိုးစားလို့ဆိုပြီး ဖြေသိမ့်လာတာ နောက်ဆုံးတော့ ငါရတာက စွန့်ပစ်ခံရခြင်းလား။ ဖြေလေ ဝမ်ရိပေါ်...."
VVIP သီးသန့်ခန်းမို့ ပေါက်ကွဲချင်တိုင်းပေါက်ကွဲပစ်လို့ရတယ်။ ဝမ်ရိပေါ်က ကော်ဖီခွက်ကိုဖြေးဖြေးချပြီး
"ကျဲကို ကျွန်တော်ဘာမှ မပြောရသေးဘူး။ လမ်းခွဲဖို့လည်း မပြောဘူး။"
"ဟား..."
Rosi က အံ့ဩစွာပဲ ဆံပင်တွေကိုသပ်တင်လိုက်ပြီး
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။