ရိပေါ်ကသူ့အစား ကျိူးရှောက်ထျန်းကိုသွားတောင်းပန်တာလို့ထင်ခဲ့ပေမယ့် သူနဲ့အနီးနားရှိနေတဲ့ကျိုးရှောက်ထျန်းကို သံသယဝင်ပြီး မေးမြန်ဖို့သွားတာတဲ့။ ရှောင်းကျန့်ဒေါသထွက်လိုက်တာမှ။ သူအားနာလို့ ကျိုးရှောက်ထျန်းကိုကိုယ်တိုင် တောင်းပန်ဖို့ထွက်လာခဲ့တယ်။ ဘယ်လောက်တောင် လူမဆန်လဲ။ သူ့အသက်ကို သာတန်ဖိုးထားရင် အသက်ကယ်ပေးတဲ့လူကို အဲ့လိုလုပ်ရပ်လုပ်မှာမဟုတ်ဘူး။
လောလောဆယ် ကျိုးရှောက်ထျန်းက bar တစ်ခုမှာရှိနေတယ်။ ရှောင်းကျန့်ကိုဖုန်းဆက်တာလည်း နဲနဲမူးတဲ့အသံပေါက်နေတယ်။ ဒါပေမယ့် ရှောင်းကျန့် အားနာနေတာပဲသိတယ်။ တောင်းပန်ချင်တယ်။
ရှောင်းကျန့်ရောက်သွားတော့ ကျိုးရှောက်ထျန်းကနဲနဲမူးနေတယ်။ သူစားပွဲခုံမှာခေါင်းငိုက်ပြီးထိုင်နေတယ်။
"ရှောက်ထျန်းကော.."
"ကျန့် ရောက်လာပြီလား။ "
"ကျွန်တော်တောင်းပန်ပါတယ်။"
"ရပါတယ်။ ငါမင်းကို စိတ်ရင်းအမှန်နဲ့ ခင်တယ်ဆိုတာယုံတယ်မလား။"
"ကျွန်တော့်ကိုကယ်ပေးခဲ့တာနဲ့တင် အရမ်းကျေးဇူးတင်နေပါပြီ။ မယုံတာမရှိပါဘူး။"
"တော်သေးတယ်။ မင်းကပါ တစ်မျိုးထင်နေပြီလို့ထင်တာ။"
"ထင်စရာအကြောင်းကိုမရှိတာပါ။"
ကျိုးရှောက်ထျန်းက ရှောင်းကျန့်အတွက် ဝိုင်သီးသန့်မှာပြီး ထည့်ပေးလာတယ်။ ရှောင်းကျန့်လည်း အားနာသမှုနဲ့သောက်လိုက်တယ်။ သူသောက်နေရင်း ခံစားလာရတာက သူ့ခန္တာကိုယ်ထဲမရိုးမရွဖြစ်ပြီး ထူးဆန်းလာတယ်။ ဒါကြောင့် သူမက်တပ်ရပ် လိုက်တယ်။
"ကျန့်"
ကျိုးရှောက်ထျန်းက ထလာပြီး သူ့လက်ကိုဆွဲတဲ့အခါ ရှောင်းကျန့် နောက်ကိုဆုတ်လိုက်တယ်။
"ဘာတွေ ထည့်ထားတာလဲ။"
"ကိုယ်ကူညီပေးမယ်။ ကျန့်ကိုကြည့်ရတာ မပျော်ဘူးထင်လို့ ပျော်အောင် ။"
"ဟင့်အင်း အနားမကပ်နဲ့။"
ရှောင်းကျန့်နောက်ဆုတ်နေပေမယ့် ကျိုးရှောက်ထျန်းကရှေ့ကိုတိုးလာတယ်။ ရှောင်းကျန့် ရီဝေဝေဖြစ်ပြီး နောင်တရလာတယ်။ စိတ်ထဲတွင်လည်း နောက်ဆိုအပြင်မသွားတော့ပါဘူး။ ကယ်ပါ ဆိုပြီး ရေရွတ်နေတယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။