ကြီးကျယ်တဲ့အခမ်းနားတစ်ခုရဲ့ ဂုဏ်ပြုပွဲမှာ ထိပ်တန်း သူဌေးနဲ့ခေါင်းဆောင်တွေ တတ်ရောက်ကြတယ်။ rosi က ကြိုးတစ်လုံးအနက်ရောင်ဂါဝန်ရှည်က လူတော်တော်များများကိုဖမ်းစားထားတယ်။ တောက်ပြောင်လွန်းတဲ့အနက်ရောင်နဲ့ သူ့အသားရည်ကထင်းပြီး ပေါ်လွင်နေတယ်။ အနက်ရောင်ထဲမှာမှ စိန်ပွင့်လေးတွေမြုတ်ထားတော့ တလက်လက်ကို တောက်ပနေတယ်။
rosi ကဝမ်ရိပေါ်ထိုင်တဲ့ ဝိုင်းမှာအတူထိုင်ခွင့်ရတယ်။ အရင်ကလည်း အမြဲဆွေမျိုးလို တတွဲတွဲရှိနေတာမို့ အပြင်ဆင်တွေကပုံမှန်ပဲ။
"hi rosi မင်းရဲ့ ဝတ်စုံဒီညမှာ အရမ်း popular ဖြစ်နေတယ်နော်။"
"သူများမပြောနဲ့ ကျွန်မတောင် မင်သက်ခဲ့ရတာပါနော်။ ဒီဇိုင်နာကို မချီးကျူးလို့မရဘူး။"
"ညွှန်းပါဦး။"
"xxx ကုမ္မဏီရဲ့ ပင်တိုင်ဒီဇိုင်နာရှောင်းကျန့်လေ။"
ထိုအပြောကြောင့် ရိပေါ် rosi ဖက်ကိုတစ်ချက်ကြည့်လာတယ်။ rosi လည်း မသိချင်ဟန်ဆောင်ပြီး
"သူ့ကိုဖိတ်ထားတယ်။ "
"အာ...ဟုတ်လား...ကောင်းတာပေါ့။"
"ဟော ပြောရင်းဆိုရင်းလာပြီ။"
ရှောင်းကျန့်က သူတို့စားပွဲကို ကြည့်ရင်းလာနေတာဖြစ်တယ်။ rosi နဲ့ရိပေါ်က စားပွဲဝိုင်းတစ်ခုမှာ ဘေးချင်းကပ်ထိုင်နေတယ်။ ရှောင်းကျန့်လှည့်ပြန်ချင်စိတ်တောင်ပေါက်တယ်။ တိတ်တိတ်ပုန်း ယူထားတဲ့လူနဲ့ တိတ်တိတ်ပုန်း ရည်းစား ။
"ဝါး...အရမ်းချောတာပဲ။ "
suit အနီရောင်လေးကိုရိုးရှင်းစွာဝတ်လာပေမယ့် နဂိုချောမောမှုရုပ်ခံကြောင့် တော်တော်လေးကြည့်ကောင်းနေတယ်။
ဝမ်ရိပေါ်က ရုတ်တရက်ထလိုက်ပြီး အခမ်းနား ပိုင်ရှင်ဆီသွားလိုက်တယ်။
သူတို့ပြောပုံဆိုပုံတွေကို ကြည့်ရတာ ဝမ်ရိပေါ်ကပြန်တော့မယ်ပုံပဲ။
"ကျေးဇူးပါပဲ အခုလို လာရောက်ချီးမြှင့်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ မပြန်ခင်ဆုတောင်းစကားလေးပြောပေးပါဦးနော်။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။