၁၁

1.6K 158 12
                                    

လေယာဉ်ပေါ်က ဆင်းမယ်လုပ်တော့ ရှောင်းကျန့်ဆီ ‌ဖုန်းဝင်လာတယ်။ သူ့အဖေအရေးပေါ်ဆေးရုံတင်ရလို့တဲ့။ ရှောင်းကျန့် ငိုချပစ်လိုက်တယ်။ သေချာပေါက် နေ့လယ်ကကိစ္စပေါ့။ လေယာဉ်ပေါ်ကနေ အမြန်ဆင်းဖို့လုပ်တော့ရိပေါ်ကသူ့လက်ကိုဆွဲလိုက်တယ်။

"ရုပ်ပျက်ဆင်းပျက်မဖြစ်စေနဲ့။"

ရှောင်းကျန့်လက်ကို ပြန်စောင့်ဆွဲလိုက်တယ်။

"စောင့်ကြည့်နေတာတွေမရှိဘူး မဟုတ်လား။"

ဗြုန်းစားကြီးပြန်လာတာမို့ စောင့်ကြည့်သူမရှိပေမယ့် မပြောနိုင်ဘူးလေ။ ဒါပေမယ့် ဖခင်ဇောကပ်နေတဲ့လူကိုတော့ ဘယ်လိုမှ ဖျောင်းဖြမရဘူး။ လေယာဉ်ပေါ်ကဆင်းတော့ ရှောင်းကျန့် ကားကိုရှာတယ်။ ထိုအခါရိပေါ်ကအနောက်ကနေ သူ့လူတွေကိုလှမ်းပြောလိုက်တယ်။

"ငါ့ကို ကားသော့ပေး။"

ကားသော့ရတာနဲ့ ရှောင်းကျန့်ကို ကားပေါ်တတ်စေပြီး ကိုယ်တိုင်ပဲ မောင်းထွက်သွားတယ်။ အချိန်က မနက် ၁ နာရီ လမ်းတွေရှင်းနေတာမို့ ချောချောချူချူပဲ သွားလို့ရတယ်။

"ဆေးရုံရောက်ရင် လူတွေတွေ့မှာပဲ။"

"အခု ကျွန်တော့်တမင်လုပ်ငိုနေတယ်ထင်တာလား။ ကျွန်တော့်အဖေ အရေးပေါ်ခန်းထဲရောက်နေတာလေ။ "

"......."

ရိပေါ်က ကားကိုသာအာရုံစိုက်မောင်းနေရာ ရှောင်းကျန့်က ဟက်ကနဲတစ်ချက်မဲ့ပြုံးလိုက်ပြီး

"အဖေရဲ့ အသက်နဲ့ နေရာတစ်ခုကို အလဲလှယ်လုပ်ခဲ့တဲ့သူက ဒီခံစားချက်ဘယ်နားလည်မလဲ။"

"......."

ရှောင်းကျန့်အဲ့လိုပြောလိုက်ပေမယ့် ရိပေါ်က မျက်နှာတစ်ချက်မပျက်ပဲ ကားမောင်းနေတယ်။ လေထုက ခနတာတိတ်ဆိတ်ပြီး ရှောင်းကျန့်လည်း အငိုတိတ်သွားတယ်။ ‌ခနကြာတော့ ရိပေါ်ဆီကအသံထွက်လာတယ်။

"ငါနောင်တရတယ်။ "

"......."

"ငါ့အဖေကို လက်လွှတ်လိုက်ရလို့နောင်တရတယ်။ ရှိသမျှပုံအပ်ပြီး ငါ့ကိုသမ္မတနေရာ တွန်းပို့ခဲ့တာ။ သူ့စိတ်ထဲမှာ ငါသမ္မတဖြစ်ဖို့ကိုပဲလိုလားတယ်။ နောက်ဆုံးသူ့အသက်နဲ့ အလဲလှယ်လုပ်ရမယ့်အချိန် ငါဘာကိုရွေးရမလဲ မသိဘူး။ ငါ့စိတ်တိုင်းဆို ငါ့အဖေကိုရွေးမိမှာ မှန်ပေမယ့် ငါ့အဖေစိတ်ကို ငါမသိခဲ့ဘူး။ သူပြန်လာလို့ ငါသမ္မတရွေးပွဲက နှုတ်ထွက်ထားရတယ်ဆိုရင် သူဒေါသထွက်မှာလား။ သူဒေါသထွက်တာအရမ်းကြောက်ဖို့ကောင်းတယ်။"

My President (ongoing)Where stories live. Discover now