ရှောင်းကျန့်နိုးလာတော့ဝမ်ရိပေါ်ရဲ့ အခန်းထဲမှာဖြစ်တယ်။ သူ့ကိုယ်မှာ ညဝတ်အင်္ကျီ ဝတ်ထားတယ်။ မနေ့က ကိစ္စကြောင့် ကိုယ့်ကိုကိုယ်တောင်သက်သေချင်မိတယ်။ အရှက်မဲ့တဲ့ လုပ်ရပ်မျိုးတစ်သတ်နဲ့တစ်ကိုယ်တစ်ခါမှ မလုပ်ဖုးဘူး။ အချိန်မှီ အိမ်ပြန်မရောက်ရင်ဆိုတဲ့အတွေးနဲ့ ကျိုးရှောက်ထျန်းဆိုတဲ့လူကို တော်တော်လေးဒေါသထွက်နေတယ်။ ဒါပေမယ့် ကောင်းတာရော မကောင်းတာရော ပြောမနေတော့ဘူး။ ပတ်သတ်ချင်စိတ်ကိုမရှိတာ။
ရှောင်းကျန့် ဖုန်းကိုကိုင်ကိုင်ချင်း မက်ဆေ့တစ်ခုရောက်နေတယ်။
"တောင်းပန်ပါတယ်။ အရမ်းမူးနေလို့ မလုပ်သင့်တာလုပ်ခဲ့မိတယ်။"
ရှောင်းကျန့်တစ်ခါတည်း block ပစ်လိုက်တယ်။ သူထမယ်လုပ်တော့
"အာ့..."
ရှောင်းကျန့် ခါးလေးကိုဖိပြီး အော်လိုက်မိတယ်။
"ထလို့ အဆင်ပြေလား။"
ရိပေါ် အသံကြောင့်သူ ဘာလုပ်ဘာကိုင်ရမှန်းမသိ။ မျက်နှာချင်းလည်းမဆိုင်ရဲဘူး။ ရိပေါ်သူ့ကို စိုက်ကြည့်နေတော့ပိုအနေခက်ရတယ်။ ပြီးတော့ရိပေါ်ကဘာမှလည်းမပြောဘူး။ ဒါကြောင့်သူကပဲ
"တောင်းပန်ပါတယ်။"
"တောင်းပန်လည်း အမှားတွေဆက်လုပ်နေရင်မထူးဘူး။"
ရိပေါ်ကအဲ့လိုပြောပြီး ထွက်သွားခဲ့တယ်။ ရှောင်းကျန့်ရှက်လွန်းလို့အောက်တောင်မဆင်းချင်ဘူး။ ဒါကြောင့်ကိုယ့်အခန်းကို ပြန်သွားလိုက်တယ်။
ထိုစဉ်
"အစ်ကိုလေးရှောင်း။"
"......"
"မနက်စာ လာပို့ပေးတာပါ။"
"မနက်စာ။"
"ဟုတ်ကဲ့ အစ်ကိုလေး နေမကောင်းဘူးဆိုလို့ပါ။"
ဝမ်ရိပေါ်ကတော့အရင်တိုင်းပါပဲ ရှောင်းကျန့်လည်းနားမလည်နိုင်တော့ဘူး။ တဇွတ်ထိုး ဘယ်သူ့မျက်နှာကိုမှ မကြည့်လုပ်ချင်ရာလုပ်တတ်ပေမယ့် ထိခိုက်တာမျိုးကြမလုပ်တတ်ဘူး။ ရှောင်းကျန့် လာပေးတဲ့ မနက်စာကိုသေချာစားလိုက်တယ်။ ဝမ်ရိပေါ်က မနေ့ကကိစ္စကို ခံစားချက်မရှိသလိုပဲ။ ရွံတယ်ဆိုပြီး ဆူဆဲတာ မလုပ်သလို။ နဲနဲလောက်ဖြစ်ဖြစ် လူခြင်းနီးစပ်သွားတာမျိုးလည်းမရှိဘူး။ သိပ်ကို အေးစက်လွန်းတယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။