Flash back
"ကဲ ပုန်းတော့ တစ်ကနေ ၅၀ထိ ရေမယ် ရေမယ်နော်"
"ဟုတ်"
၅နှစ်အရွယ် ကလေးမလေးဟာ သူ့ရဲ့ အထိန်းတော်နဲ့အတူ တူတူပုန်းတမ်းကစားနေကြသည်ကလေးမလေးဟာ သူမအခန်းဆီက ဗီရို ထဲဝင်ပုန်းနေလိုက်သည် ခနအကြာ သူမရဲ့ အထိန်းတော်ဟာ အခန်းထဲဝင်လာသည် ဒါကို ကလေးမက ဗီရို ထဲမှ မြင်နေရသည်
"ကဲ လိုက်ရှာပြီနော် ဘယ်မှာပါလိမ့်"
ကလေးမဟာ ဗီရိုထဲမှ သူမရဲ့ အထိန်းတော် လှုပ်ရှားဟန်တွေကို ကြည့်နေသည် ခနအကြာမှာ သူမရဲ့ အခန်းထဲကို လူ၂ယောက် ဝင်လာပြီး သူမရဲ့ အထိန်းတော် နဲ့ တိုက်ခိုက်ကြသည် ၂ယောက်၁ယောက်မလို့ အထိန်းတော်က သိပ်တော့မဟန် နောက်တော့ ယောင်္ကျားလေးက အထိန်းတော်ကို အမှောက်သိပ်လိုက်ပြီး မိန်းကလေးတစ်ယောက်က အထိန်းတော်ကို ချုပ်ထားသည် ပြီး
တော့ ယောင်္ကျားလေးဟာ အထိန်းတော်ရဲ့လည်ပင်ကို ဓားနှင့်လှီးလိုက်သည်ဒါကို မြင်တဲ့ ကလေးမဟာ ဗီရိုထဲကနေ မျက်ရည်တွေကျနေပြီး အသံမထွက်အောင် လက်နဲ့ ပါးစပ်ကို အုပ်ထားလိုက်သည်
အခန်းထဲက ထိုလူ၂ယောက်ထွက်သွားပေမယ့် ကလေးမလေးမှာ ဗီရိုထဲမှ မထွက်ရဲသေး မျက်ရည်တွေက အဆက် မပြတ်ကျနေတုန်းပင် သူမ ရှိုက်သံတွေတောင်ထွက်လာတဲ့အထိ ငိုနေခဲ့သည်
"အိမ်အနှံ့ အခန်းအနှံ့ လိုက်ရှာကြ မတွေ့ရင် မင်းတို့ အသေပဲ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
ဦးသိက္ခာရှိန် ရဲ့ အမိန့်ကြောင့် သူ့လူတွေ ပြာယာခတ်ကုန်သည် ခနအကြာမှာ လူတစ်ယောက်က ဦးသိက္ခာရှိန်အနားရောက်လာပြီး စကားအချို့ တိုးတီးစွာ ပြောလိုက်သည် ဦးသိက္ခာရှိန်ဟာ ထလိုက်ပြီး အိမ်ပေါ်ထက်သို့ တတ်သွားလိုက်သည် နောက်မှ တပည့်တပန်းများလည်း လိုက်လာကြသည်အခန်းထဲရောက်တော့ ကြမ်းပြင်မှာ သေဆုံးနေတဲ့ မိန်းကလေးတစ်ယောက် ဦးသိက္ခာရှိန်မျက်နှာက ချက်ချင်းပင် ခက်ထန်သွားရသည်
"ဒီအခန်းထဲ လိုက်ရှာကြ ကလေး ဒီထဲမှာ ရှိလောက်မှာ"
"ဟုတ်ကဲ့ဆရာကြီး"
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်