p-12

590 42 7
                                    

နှောင်းမဏိရှိန်က ပုံမှန်အတိုင်းအိမ်သို့ပြန်လာသည်သို့ပေမယ့်

ဒီနေ့က ဆည်းဆာရဲ့ ဘဝ ကို မျော်လင့်ချက် ရောင်ခြည်တွေ ပြန်ရတဲ့နေပေါ့

"ဖေဖေ"

"သမီးလေး" ဆည်းဆာ ဖေဖေ့ကို ပြေးဖက်လိုက်သည် ဖေဖေနဲ့ ခွဲနေရတာ ၅နှစ်နီးပါး ရှိရောပေါ့

"လွမ်းနေတာ"

"ဖေဖေ ရောပဲ သမီးရယ်"

"ဦးဝင်နိုင်"

"ပြောပါ နှောင်းမဏိရှိန်"

"စကားခနလောက် ပြောကြရအောင် ၂ယောက်တည်း"

"အင်း"

ဆည်းဆာ သူတို့တွေ ဘာတွေများပြောနေမလည်းရယ် ဖေဖေ့ကို စိတ်မချတာရယ်ကြောင့်ရယ် နှောင်းမဏိရှိန်ကို မယုံတာကြောင့် နောက်က  လိုက်‌ေချာင်းခဲ့ပေမယ့် အခန်းအတွင်းက ဘာသံ မှ မကြားရပေ မိနစ် ၃၀ လောက်ရှိတော့ သူတို့ ထွက်လာသည် 

ဖေဖေ့ မျက်နှာဟာ တစ်မျိုးဖြစ်နေသည် ဘာဖြစ်နေလဲ ဆိုတာ ဆည်းဆာ မပြောတတ်ပေ

"ကျွန်မကို ပြန်ခွင့်ပြုပါဦး  ဦးဝင်းနိုင်"

"ကောင်းပါပြီ နှောင်းမဏိရှိန်"

နှောင်းမဏိရှိန် ထွက်သွားတော့

"ဖေဖေ ကြိုက်တဲ့ဟင်း သမီးချက်ကြွေးမယ်"

"ဟေ သမီးက ဟင်းချက်တတ်တယ်"

"ဟီးးး ချက်တတ်သွားပြီ ဖေဖေရဲ့"

ထိုနေ့က ဖေဖေ့ကို ဟိုလူယုတ်မာ သူမ အပေါ် ဘယ်လိုတွေပြုလုပ်ခဲ့သလဲ ဆိုတာ ရင်ဖွင့်ပြီ ငိုမိသည် ဒါပေမယ့် ဖေဖေ့မျက်နှာမှာ ဆည်းဆာ အတွက် ဝမ်းနည်းပေးမှု အနည်းငယ်သာ ရှိနေသည် ဘာကြောင့်လဲ ဆိုတာ ဆည်းဆာ မသိတော့ ဖေဖေဟာ ဘာကြောင့် ဆည်းဆာအတွက် အပြည့်အဝ ဝမ်းနည်းမနေရတာလဲ

နောက်ရက်ကျတော့ နှောင်းမဏိရှိန် အိမ်ကို ရောက်လာသည် ပြီးတော့ စာချုပ်တစ်ခုရယ်

"လက်မှတ်ထိုးပေးပါ နေဝင်ဆည်းဆာ"
စာချုပ်ကို ဖတ်လိုက်တော့ ကွာရှင်းစာချုပ်ပင် သူမ နှုတ်ခမ်းမှာ အပြုံးတစ်ပွင့် ဆင်မြန်သွားရသည် ၅နှစ် အပြီး နောက်ဆုံးမှာတော့ သူမ လူယုတ်မာလက်ထဲက လွတ်မြောက်တော့မည်

ဗီလိန် (Villain)Where stories live. Discover now