5

12 0 0
                                    

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

အပိုင်း ၅

ယွင်ရှီးအထက်တန်းကျောင်းမှာ ပေချန်မြို့တွင် အကောင်းဆုံး ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သည်။ ဒါကြောင့်လည်း ကျန်းမန့်ယီက သူပိုက်ဆံရှာလို့ သေရင်သေသွားပစေ ကျန်းယွီကတော့ ထိုကျောင်းကို တက်ရမည်ဟူ၍ ဖြစ်နေသည်ပင်..။

ထိုကျောင်းဆင်းသည်နှင့် တက္ကသိုလ်ဝင်ခွင့်ရရန် ၁၀၀% ကျိန်းသေသည့် အချက်မှာလည်း စွဲမက်ဖွယ်ကောင်းလှလေသည်။ အဆိုးအသွမ်းဘောစိကလေးများပင် ဒီကျောင်း၌ ၃နှစ်ပညာသင်ပြီးသည်နှင့် တက္ကသိုလ်ဝင်ခွင့် ရရန်မှာ မခက်ခဲတော့ပေ..။

ကျောင်းသည် စာအသင်အပြအလွန်ကောင်းမွန်ပြီး ပညာရေးသင်ထောက်ကူကောင်းများ စုံလင်လှသော်လည်း ကျောင်းတွင်းလူ့အဖွဲ့အစည်းငယ်လေးကတော့ ဘက်၂မျိုးကွဲနေလေသည်။

၎င်းသည် အမှတ်များကြောင့် မဟုတ်ရဘဲ နောက်ခံကြောင့်သာဖြစ်သည်။

ဤကျောင်းသည် မြို့၏အတော်ဆုံးသော ကျောင်းသားများစုဝေးရာနေရာ ဖြစ်သလို အချမ်းသာဆုံးသော မြို့မျက်နှာဖုံး သူဌေးမိသားစုများမှ သားသမီးများ စုဝေးရာနေရာလည်း ဖြစ်ပေသည်။

ထို့ကြောင့် ထိုလူငယ်လေးများ အားလုံးသည် သူတို့မိဘများ၏ အရှိန်အဝါနှင့် နောက်ခံကို အားကိုးအားထားပြုကာ ကျောင်းပိတ်ရက်များတွင် အားနည်းသောကလေးများအား အနိုင်ကျင့်၍ အပျော်ရှာလေ့ရှိကြသည်။

ဥပမာအားဖြင့် ယနေ့လိုနေ့မျိုးပင်..။ ကျောင်းဂိတ်ပေါက်အပြင်ဘက်တွင် ပြသနာရှာတတ်သော ကောင်မလေးတစ်စုက ကောင်မလေးတစ်ယောက်အား လမ်းကြားထဲသို့ ဆွဲခေါ်သွားကြလေသည်။

“ဘာလို့ အဲ့အဘွားကြီးကို အတိုင်အကြောသွားထူနေတာလဲ”

“နင့်ကိုငါ သောက်ထင်မကြီးလို့ ငါ့အိမ်စာတွေ နင့်ကိုလုပ်ခိုင်းတာလေ”

“နင်ယွီရှီးကို ဘယ်လိုဝင်လာလဲ ငါသိတာပေါ့”

လမ်းကြားကိုဖြတ်သွားချိန်တွင် နံရံနားထောင့်ကပ်ကာ ပုံလျက်သားလေး ကွေးနေသော ကောင်မလေးအား ကျန်းယွီမြင်လိုက်သည်။ ကလေကချေမလေးများကတော့ သူမအား ဆံပင်ဆောင့်ဆွဲပြီး အနိုင်ကျင့်နေလေသည်။

25.တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့Where stories live. Discover now