Description

188 6 0
                                    

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

Description

ကျန်းယွီတစ်ယောက် ပြန်လည်မွေးဖွားလာပြီး ဘာမှမသိနားမလည်ခဲ့သော ၁၇နှစ်အရွယ် ကောင်မလေးဘဝသို့ ပြန်ရောက်သွားခဲ့သည်။ သူမ၏ အတိတ်ဘဝတွင် မရှိဆင်းရဲမှုကြောင့် သူမ၏အိပ်မက်ဖြစ်သော ဘဲလေးအကကို စွန့်လွှတ်ခဲ့ရလေသည်။

ချမ်းသာလှသော သူဌေးဒုတိယမျိုးဆက်ဖြစ်သူ ယောင်္ကျားနှင့် လက်ထပ်ခဲ့သော်လည်း ထိုသူသည်ကား သိုးရေခြုံထားသော အလိမ်အညာဝံပုလွေတစ်ကောင်သာ ဖြစ်နေခဲ့ပြီး သူမကိုလည်း အစားထိုးခံသက်သက်အနေနှင့်သာ အသုံးချခဲ့သည်ပင်။ ကျန်းယွီသည် သူမ၏ ဆင်းရဲမွဲတေလှပြီး စိတ်ပျက်စရာကောင်းလွန်းလှသော ထိုဘဝအား ပြန်မသွားချင်ပါ။

ထိုကဲ့သို့ ကူရာမဲ့နေချိန်တွင် အချိန်ခရီးသွား၍ ပြန်လည်မွေးဖွားလာကာ သူမ၏လက်ကိုင်ဖုန်းသည်လည်း အနာဂတ်မှ သူမနှင့်အတူ ပါလာခဲ့လေသည်။ ထိုဖုန်းမှတစ်ဆင့် သူမသည် အနာဂတ်မှလူများနှင့် ဆက်သွယ်နိုင်ခဲ့ပေသည်။

ဤနည်းအားဖြင့် သူမ၏အနာဂတ်အတွက် စိတ်ချအားကိုးစရာဖြစ်မည့် စီးပွားရေးတစ်ခုအား ကျန်းယွီရှာတွေ့ခဲ့သည်ပင်။

“ငါ့အမေကို ပြောပေးပါ.. ပိုက်ဆံရှိလာရင် စတော့ရှယ်ယာနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှ မလုပ်ဖို့ကို”

“ငါ့ရည်းစားနဲ့ တက္ကသိုလ်တစ်ခုတည်း မတက်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်တဲ့အခါ အမှားမလုပ်မိဖို့ အတိတ်က ငါ့ကို ပြောပေးပါ”

“အခုချိန်မှာ ငါ့အဖေမရှိတော့ဘူး.. ကျေးဇူးပြုပြီး အတိတ်က အဖေ့ကို ငါက သုံးစားမရသူတဲ့လူ မဟုတ်ဘူးဆိုတာကို ပြောပြပေးပါ”

ကျန်းယွီသည် ထိုဖုန်းမှတစ်ဆင့် စီးပွားရေးလုပ်ကာ ပိုက်ဆံအမြောက်အများ ရှာနိုင်ခဲ့သည်။ ဒီလိုနှင့် တစ်နေ့တွင်တော့ ကျန်းယွီသည် အမျိုးသားတစ်ဦးထံမှ အကူအညီပေးရန် တောင်းဆိုခံခဲ့ရသည်။

ထိုအမျိုးသား၏ အသံသည်ကား တိုးတိုးလေးနှင့် ညို့ဓာတ်ပြင်းလှသလို အန္တရာယ်အငွေ့အသက်များကလည်း ရိုးတိုးရိပ်တိတ်ပါနေသည်ပင်။ ထိုအသံအား ကြားလျှင်ကြားချင်း ကျန်းယွီတစ်ယောက်ကြောက်လွန်း၍ လက်ထဲမှဖုန်းပင် ပြုတ်ကျသွားခဲ့ရသည်။

ထိုသူသည် တီဗီသတင်းများတွင် ဆယ်ရက်တိုင်တိုင်ဖော်ပြခြင်းခံခဲ့ရသော ဉာဏ်ရည်အလွန်မြင့်မားလှသည့် ချူးလီပေတည်း။ လူထုတစ်ရပ်လုံးအား အုတ်အော်သောင်းနင်းဖြစ်စေခဲ့သော လူသတ်မှုကို ကျူးလွန်ခဲ့သူဖြစ်သည်။ သူကတော့ ဆယ်ကျော်သက်ဘဝက ချူးလီကို ကယ်တင်၍ ယခုလိုအနာဂတ်တွင် လမ်းမှားမရောက်သွားအောင် ကျန်းယွီမှကူညီပေးရန်ကို မျှော်လင့်နေသည်။

ချူးလီငယ်လေးသည် မှောင်မိုက်နေသော လမ်းကြားလေးထဲတွင် ထိုးကြိတ်ရိုက်နှက်ခံနေရကာ မျက်လုံးများသည်ဖြင့် လောကကြီးကို အားမလိုအားမရဖြစ်နေမှုများဖြင့် ပြည့်နှက်နေလေသည်။

အဲ့ဒီနေ့တွင်တော့ ချူးလီတစ်ယောက် သွေးများဗလပွနှင့် မြေကြီးပေါ်တွင် လဲနေသည့်ကြားမှ လမ်းကြားအဆုံး၌ အဖြူရောင်ဂါဝန်လေး ဝတ်ထားသည့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့ဘဝရဲ့ ၁၇နှစ်တာရှည်ကြာလှသည့် အတောမသတ်နိုင်သောညမိုက်များကြားတွင် ပထမဆုံးတွေ့လိုက်ရသည့် လရောင်လေးပေတည်း..။

25.တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့Where stories live. Discover now