တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့
အပိုင်း ၁၄
ချူးလီသည် ကျန်းယွီကို တက္ကသိုလ်နောက်က မုန့်စျေးတန်းလမ်းကို ခေါ်သွားလိုက်သည်။ ညဘက်တောင်မှ ထိုလမ်းသည် အလွန်တရာကို စည်ကားနေလှပေသည်။ လမ်းတစ်လျှောက်လုံးသည်လည်း ဝင်သူထွက်သူများဖြင့် ပြည့်နှက်နေလေ၏။ အနီးအနားရှိ ကျောင်းများမှ ကျောင်းသားများသည်လည်း ညလယ်စာစားရန် ထွက်လာနေကြသည်။
သူတို့နှစ်ယောက်ကတော့ လမ်းဘေးစားသောက်ဆိုင်တစ်ခုဆီ ဝင်လိုက်ပြီး မောက်ချိုက်တစ်ယောက်တစ်ပွဲ မှာလိုက်လေသည်။
ခဏနေတော့ မှာထားသည်များကို ပူပူလောလော လာချပေးသည်။ ချူးလီကတော့ သူ့တူကို နည်းနည်းလေးမျှမလှုပ်ဘဲ ကျန်းယွီအရင်စားမှာကိုသာ စောင့်နေလိုက်သည်။ ထို့နောက် သူမ၏ ပန်းကန်ကိုဆွဲယူလိုက်ပြီး စတင်စားလိုက်တော့သည်။
သူ့ပန်းကန်ကိုတော့ သူမကို ပေးလိုက်သည်ပင်။
ကျန်းယွီတစ်ယောက် သည်းမခံနိုင်တော့သဖြင့် တူကို စားပွဲပေါ်သို့ ရိုက်ချပစ်လိုက်ပြီး စိတ်ဆိုးဆိုးနှင့် ပြောလိုက်လေသည်။
“ချူးလီ.. နင်ဘာဖြစ်နေတာလဲ”
ချူးလီကတော့ “ငါ့ပန်းကန်က တစ်ချက်မှမထိရသေးပါဘူး.. သန့်ပါတယ်”
“ငါနင့်ကို ညစာဝယ်ကျွေးတာတောင် ဘာလို့အမြဲတမ်း ငါ့ဟာကို လိုက်လုနေရတာလဲ”
ကျန်းယွီတစ်ယောက် တကယ်ကို နားမလည်နိုင်တော့ပါ။
“ဒီလိုပါပဲ”
ချူးလီကတော့ ယုံကြည်မှုရှိရှိဖြင့် ပြန်ပြောလိုက်သည်။
“ငါကြိုက်လို့လေ”
“နင်…”
ကျန်းယွီတစ်ယောက် သူမဒေါသကို ချုပ်ထိန်းလိုက်ရုံကလွဲ၍ မတတ်နိုင်တော့ပါ။ သူက ကာစတမ်မာတစ်ယောက်ပဲလေ… တကယ့်ရည်းစားလို မဆက်ဆံသင့်ဘူး။ ဒါကြောင့် သည်းခံရပေမည်။
ထို့အပြင် ဒီနှစ်တွေအတွင်း သူမကို ချူးလီအကြောင်းပြောပြနိုင်မည့်သူကလည်း မရှိနိုင်ပေ။
