13

107 14 0
                                        

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

အပိုင်း ၁၃

ဟော့ချန်ကတော့ ကျန်းယွီဆီ တည့်တည့်လျှောက်သွားလိုက်ပြီး သူမလမ်းကို ပိတ်လိုက်လေသည်။

“ကျန်းယွီ.. ငါပြောစရာရှိတယ်”

ကျန်းယွီကတော့ သူ့ကိုပြန်မကြည့်ပါ။ သူမ မျက်နှာအမူအရာမှာလည်း စိမ်းသက်သက်ပုံစံ ပေါ်နေလေသည်။

“ငါ့ရှေ့က ပိတ်ရပ်မနေနဲ့ ဖယ်”

ဟော့ချန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“အဲ့နေ့က ငါစိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ.. နောင်ကျရင် ဒီလိုထပ်မဖြစ်စေရဘူးကွာ”

ကျန်းယွီတစ်ယောက် နှုတ်ခမ်းထောင့်နားလေးကွေးတက်သွားသည်အထိ ပြုံးလိုက်မိသည်။ ဒီလိုစကားမျိုး အကြိမ်ပေါင်းမနည်း ကြားခဲ့ဖူးသည် မဟုတ်ပါလား..။ ဒါပေမယ့် တစ်ခါမှ အကြမ်းဖက်တာတွေက မပြောင်းလဲခဲ့ဘူးလေ။

သူ့ကိုဒီ့ထက်ပိုပြီး မယုံတော့ပါ..။

“နင့်ဟာနင် အနာဂတ်မှာ ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး”

ချူးလီက သူမကိုလှမ်းဆွဲဖို့ လုပ်လိုက်သော်လည်း ကျန်းယွီကတော့ နောက်ပြန်ဆုတ်လိုက်ကာ ခပ်မြန်မြန်ပင် သူ့ကိုရှောင်လိုက်လေသည်။

ဟော့ချန်သည် ကျန်းယွီ၏ အေးစက်စက်နိုင်သော အပြုအမူများကို ကြည့်လိုက်ပြီး သူမတကယ်ကို ပြောင်းလဲသွားပြီဆိုတာကို ခံစားမိလိုက်သည်။

ဟော့ချန်လည်း ဒီလိုစိတ်အနှောင့်အယှက် ဖြစ်ရပုံမျိုးကို တစ်ခါမှမကြုံဖူးသေးချေ..။ သူ့ကြည့်ရတာ ဟန်နေပုံလည်း မပေါက်တော့ပါ။

ကျန်းယွီကို ဆုံးရှုံးလိုက်ရတာကို မကျေမနပ်ဖြစ်နေတာ မဟုတ်ဘဲ သူ့အတွက် မကျေမချမ်းဖြစ်စရာကား ကျန်းယွီ၏သူ့အပေါ် ဆက်ဆံနေပုံနှင့် သူမဘက်က စဖြတ်သည်ကိုပင်..။ သူမက ဘာမို့လို့လဲ..။

ဟော့ချန်တစ်ယောက် အံကိုကြိတ်လိုက်ပြီး “မင်းသာငါနဲ့ မပြတ်သရွေ့ မင်းလုပ်ချင်တာ အကုန်လုပ်ခွင့်ပေးမယ်..။ မင်းလိုချင်တာ မှန်သမျှလည်း ငါအကုန်ပေးမယ်။ မင်း မကချင်ဘူးလား..?  Esmeralda ကိုသာဝင်ခွင့်ရခဲ့ရင် ကျောင်းစရိတ်ဘယ်လောက်ပဲ ဖြစ်နေပစေ ငါပေး,ပေးမယ်”

25.တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့Where stories live. Discover now