ကျောင်းသားအများစုကျောင်းဆင်းရင်ဘာလုပ်လေ့ရှိကြသလဲ အများစုကတော့ သူငယ်ချင်းတွေစုပြီး ဘောလုံးကန်တာဖြစ်ဖြစ် မုန့်ထွက်စားတာဖြစ်ဖြစ် နှစ်သက်ရာတခုခုကိုလုပ်လေ့ရှိကြမှာပေါ့ ဒါပေမယ့် အဲ့ဒီအများစုထဲမှာ ကျွန်တော်မပါပါဘူး ကျွန်တော့်ဘဝပေးအခြေအနေအရ ကျောင်းဆင်းချိန်လည်းအေးအေးဆေးဆေးနေလို့မရပါဘူး ကျွန်တော်နာမည် Kris Wu ပါ တတိယနှစ်ဆေးကျောင်းသားတစ်ယောက်ပါ ဆေးကျောင်းတက်လို့ပိုက်ဆံချမ်းသာတယ်လို့တော့မထင်လိုက်ပါနဲ့ အလွဲကြီးလွဲပါလိမ့်မယ် ကျွန်တော်ဆေးကျောင်းတက်နေတာကျောင်းကပေးတဲ့scholar shipရလို့ပါ ကျွန်တော်ကပိုက်ဆံတော့မချမ်းသာပေမယ့် စာကတော့တော်တော့်ကိုတော်တာပါ ကိုယ့်ကိုယ်ကိုမြှောက်ပြောတာတော့မဟုတ်ဘူး တကယ့်ကိုgeniusပဲ အာ့ကြောင့်ကျွန်တော့်ကိုကျောင်းသားမိဘတော်တော်များများက သူတို့ကလေးတွေကိုguideလုပ်ဖို့ကမ်းလှမ်းကြတယ် သူတို့အတွက်လည်းအဆင်ပြေ ကျွန်တော်လည်းပိုက်ဆံရ နှစ်ဦးနှစ်ဖက်အဆင်ပြေတော့ ကျောင်းသားလေးတစ်ယောက်ကိုGuideလုပ်ပေးဖို့လက်ခံခဲ့ပါတယ် တခြားသူတော့မဟုတ်ပါဘူး ကျွန်တော်တို့Korea Top10စာရင်းဝင်သူဌေးကြီးPark Chenနဲ့Do Sooတို့ရဲ့တစ်ဦးတည်းသောသားလေး သူ့နာမည်ကဘာ...ဘာပါလိမ့်...သြော် Park Chanyeolတဲ့...သူ့အဖေပြောတဲ့သူ့အကြောင်းတွေကတော့စိတ်ချမ်းသာစရာတကွက်မှမရှိပါဘူး စိတ်ပျက်စရာပါ..စာသင်ပေးတဲ့Guideတွေကိုအမျိုးမျိုးစိတ်အနှောင့်အယှက်ပေးပြီး သူတို့ဘာသာအလုပ်ထွက်သွားအောင်လုပ်တာမျိုးတို့ တစ်လကိုတစ်ခေါက်လောက်ကျောင်းအုပ်ကြီးရုံးခန်းကိုသွားရတာမျိုးတို့..အခန့်မသင့်ရင်ရန်အဖြစ်လွန်ပြီးရဲစခန်းရောက်တတ်တာမျိုးတွေ...စုံလို့ပါပဲ..အာ့ကြောင့်လဲကျွန်တော့်ကိုသူများနဲ့မတူတဲ့လခမျိုးပေးပြီးGuideလုပ်ပေးခိုင်းတာနေမှာ..မတတ်နိုင်ဘူး..သူ့ဘာသာဘယ်လောက်ဆိုးနေနေကျွန်တော်ကတော့ကျွန်တော့်ဝမ်းစာအတွက်ဒီအလုပ်ကိုလက်ခံရမှာပဲ ...သြော်..အတွေးတွေလွန်နေလိုက်တာသူဌေးကြီးChenရဲ့အိမ်ရှေ့တောင်ရောက်နေပီ...ကဲ..Kris Wu..Fighting!