Crown Prince to Concubine

10.5K 522 19
                                    

ဂျိုဆောင်ပြည် နန်းတော်၏ ခန်းမဆောင်ထဲတွင် မှူးမတ်တွေ စစ်သူကြီးတွေ စုံညီစွာ ရောက်ရှိနေသည်။ အစပိုင်းမှာ ကိုယ့်အုပ်စုနဲ့ကို တိုင်းရေးပြည်ရေး ဆွေးနွေးနေရာမှ
''မင်းကြီး ကြွချီတော်မူလာပြီ''
ထိုအသံကို ကြားလိုက်သည်နှင့် တပြိုင်နက် ခန်းမထဲမှာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။ ထို့နောက်
''မင်းကြီးကို ဂါရဝပြုပါတယ်'' ဆိုတဲ့အသံက အခန်းထဲ ဟိန်းထွက်သွားသည်။
မင်းကြီးက အသက်ငယ်ငယ်ပင်ရှိသေးသော်လည်း မျက်နှာတည်သဖြင့် အားလုံးက ကြောက်ရွံ့လေးစားကြရသည်။ သူတိုက်ခိုက်တဲ့ တိုက်ပွဲတိုင်းကလည်း အောင်မြင်သဖြင့် တိုင်းတပါးကပါ လေးစားရသော မင်းကြီးဖြစ်သည်။ မျက်နှာသွယ်သွယ်...မျက်ရစ်မပါသော်လည်း သိပ်မမှေးတဲ့ မျက်လုံးတစ်စုံကြောင့် ရုပ်ရည်ခန့်ညားသူဟုလည်း ဆိုနိုင်သည်။
''မင်းကြီးကို လျှောက်တင်စရာရှိပါတယ်။''
''လျှောက်တင်စေ''
''ဂျောင်းနိုင်ငံက သံတမန်တွေ ရောက်လာပါတယ်။ လက်ဆောင်ပစ္စည်းတွေနဲ့ အတူ သဝဏ်လွှာလည်း ပါတယ်လို့ ပြောပါတယ်။''
မင်းကြီး Jung Yunho သိလိုက်ပါပြီ...ဂျောင်းနိုင်ငံဆိုတာ တလောကမှ သူစစ်ထိုးဖို့ အတွက် တပ်တွေ စေလွှတ်လိုက်တဲ့ နိုင်ငံလေ...ဒါပေမဲ့ တပ်တွေ လွှတ်တာ သိပ်မကြာသေးတော့ ဂျောင်းမြို့တော်ထဲကို ရောက်ဦးမည် မဟုတ်။ မြို့ပြင်လောက်သာ ရောက်မည် ဖြစ်သည်။ အဲ့ဒါကို ဘာလို့ သံတမန်တွေ လွှတ်လိုက်သလဲ Yunho စိတ်ဝင်စားသွားသည်။
''တွေ့ဖို့ လွှတ်လိုက်ပါ။''
ခဏနေတော့ သံတမန်ရောက်လာပြီး မင်းကြီးကို အရိုအသေပေးလိုက်သည်။ မင်းမှုထမ်းလက်ထဲကို သဝဏ်လွှာပေးလိုက်တော့ ထိုမင်းမှုထမ်းက မင်းကြီးနဲ့ မှူးမတ်တွေ ကြားအောင် သဝဏ်လွှာပါ အကြောင်းအရာတွေကို ဖတ်ပြလိုက်တော့ Yunho နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။ စစ်ပြေငြိမ်းချင်တယ် ဆိုပဲ...
''စစ်ပြေငြိမ်းပြီး အညံ့ခံတယ်ဆိုပေမယ့် မောင်မင်းတို့ဘက်က လူသူလက်နက်စုစည်းပြီး ပြန်မတော်လှန်ဘူးလို့ အာမခံနိုင်လို့လား။ ကိုယ်တော် သဘောမတူနိုင်ဘူး။''
သံတမန်က ထပ်လျှောက်တင်လိုက်သည်။
''ကျွန်တော်မျိုးတို့ နိုင်ငံမှာ မင်းသမီးမရှိပါဘူး...တကယ်လို့ ကိုယ်တော်သာ သဘောတူမယ်ဆိုရင် ကျွန်တော်တို့ဆီက အိမ်ရှေ့စံကို ကိုယ်တော့် ကြင်ယာတော် အဖြစ်သိမ်းပိုက် နိုင်ပါတယ်လို့ ကျွန်တော်တို့ မိဖုရားခေါင်ကြီးက စကားပါးလိုက်ပါတယ်။''
Yunho ထပ်ပြီး မသိမသာပြုံးလိုက်သည်။ သူလိုချင်တဲ့ အကွက်ထဲ ဝင်လာပြီးကိုး။
''မင်းတို့ဆီမှာ မင်းသားကရော တစ်ပါးပဲ ရှိတာ မဟုတ်လား။''
''မှန်ပါတယ် ကိုယ်တော်။''
''ကိုယ်တော် စဉ်းစားလိုက်ဦးမယ်။ မောင်မင်း ပြန်လို့ရပြီ။''
သံတမန် ထွက်သွားတော့မှ Yunho သူ့မှူးမတ်တွေရဲ့ သဘောထားကို နားထောင်ကြည့်သည်။
''မင်းကြီး...ဒါအခွင့်အရေးကောင်းပါ...သူတို့ ပုန်ကန်လည်း သူတို့မင်းသားကို သေဒဏ်စီရင်လိုက်လို့ ရပါတယ်။''
''မှန်ပါတယ် မင်းကြီး...ကျွန်တော်မျိုးတို့ရဲ့ စစ်သည်တွေ ရိက္ခာတွေ မပြုန်းတီးပဲ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်နိုင်တဲ့ အခွင့်အရေးပါ။'' လက်နက်ဌာနက အမတ်ကလည်း ဝင်လျှောက်တင်သည်။
မင်းကြီး Yunho ကတော့ ဘာမှမပြောဘဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ အကျေနပ်ကြီး ကျေနပ်နေသည်။
xxxxxxxxxx
ဂျောင်းနိုင်ငံတွင်မူ
''မယ်မယ်, ဂျိုဆောင်ပြည်ကို သွားတဲ့ သံတမန် ပြန်ရောက်လာပါပြီ''
မင်းမှုထမ်းတစ်ဦး၏ လာရောက်လျှောက်တင်မှုကြောင့် ညီလာခံထဲက မိဖုရားခေါင်ကြီးသာမက မှူးမတ်တွေပါ ခပ်ပြာပြာ ဖြစ်သွားသည်။ သူတို့ အားလုံး ဂျိုဆောင်ပြည်က ဘယ်လို အကြောင်းပြန်မလဲကို ရင်တမမနဲ့ စောင့်နေကြတာကိုး...
''ညီလာခံကို မြန်မြန် ခေါ်ဆောင်လိုက်ပါ မောင်မင်း''
မိဖုရားခေါင်ကြီး စိတ်ရှုပ်ထွေးတာရော စိတ်ထိခိုက်တာပါ စုပေါင်းပြီး မျက်နှာ မရွှင်လန်း...မင်းကြီး နတ်ရွာစံတာ တစ်ပတ်ပင် မပြည့်သေး...စိတ်ထိခိုက်နေသည့် ကြားတွင်မှ ဂျိုဆောင်ပြည်က သူတို့တိုင်းပြည်ကို လာရောက်တိုက်ခိုက်သည်။ မြို့ထဲ မရောက်သေးပေမယ့် မြို့ပြင်မှာ တပ်တွေ ဝိုင်းထားတာဆိုတော့ မြို့တွင်းမှာ ရိက္ခာပြတ်လပ်ပြီး ပြည်သူတွေ ငတ်မွတ်စပြုနေပြီလေ...မိန်းမသားဆိုတော့ စစ်ရေးနည်းအရ မဖြေရှင်းချင်သည့် အပြင် ဂျောင်းနိုင်ငံက အစကတည်းက စစ်ရေးအင်အားတောင့်တင်းသော နိုင်ငံမဟုတ်တော့ စစ်ရှုံးဖို့က ရာခိုင်နှုန်းများနေသည်။ ထိုစဉ် သံတမန်က ခန်းမထဲ ရောက်လာသဖြင့် သူမ အတွေးစတွေ ပျက်သွားသည်။
''ဂျိုဆောင်ပြည်က ဘာတွေ အကြောင်းပြန်လိုက်သလဲ မောင်မင်း''
''ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူပါတယ်...အိမ်ရှေ့စံကို အမြန်ဆက်သဖို့နဲ့ နောက်ပိုင်း ဂျိုဆောင်ပြည်နဲ့ ဂျောင်းနိုင်ငံကို တပေါင်းတစည်းတည်း အုပ်ချုပ်မယ်လို့ အကြောင်းပြန်ပါတယ်''
သံတမန်ရဲ့ လျှောက်တင်ချက်ကို ကြားမှ မိဖုရားခေါင်ကြီး ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်...ဒါပေမဲ့ သူမရဲ့ သားတော်လေး...အိမ်ရှေ့စံဘဝကနေ တိုင်းတပါးမင်းကြီးရဲ့ ကြင်ယာတော်ဘဝ ရောက်ရသည်ကိုတော့ စိတ်လုံးဝမကောင်းပေ။
xxxxxxxx
''မယ်တော့်ကို ခွှင့်လွှတ်ပါ သားတော်''
ဂျိုဆောင်ကို ခရီးနှင်လာတဲ့ တစ်လျှောက် ဂျောင်းနိုင်ငံရဲ့ အိမ်ရှေ့စံ တစ်ယောက် သူ့မယ်တော်ရဲ့ အသံကိုသာ ကြားယောင်နေမိသည်။ မယ်တော့်ကိုလည်း သူအပြစ်မတင်ရက်ပါ...နိုင်ငံအခြေအနေကို သူကောင်းကောင်း သိသည်လေ...ထို့အပြင် မင်းသားဆိုလို့ သူပဲရှိသည်...အစ်မတော် မင်းသမီးတွေကိုလည်း တခြားတိုင်းပြည်က မင်းကြီးတွေနဲ့ လက်ဆက်ပေးပြီးပြီ မဟုတ်လား။ သူကြားဖူးသလောက်က ဂျိုဆောင်ပြည်မင်းကြီးက လွန်စွာ ဖြောင့်မတ်သည်။ မင်းဆိုးမင်းညစ်တွေ အုပ်ချုပ်၍ တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေသည့် နိုင်ငံတွေကိုသာ တိုက်ခိုက်သိမ်းပိုက်သည်တဲ့...သူတို့ ဂျောင်းနိုင်ငံက အဲ့လိုနိုင်ငံမျိုးထဲမှာမှ မပါတာ...မည်သို့ပင် ဆိုစေကာမူ သူ့တိုင်းသူပြည်သားတွေအတွက် သူအနစ်နာခံရသာ တန်ပါသည်ဟုသာ အိမ်ရှေ့စံ ဖြည့်တွေးလိုက်သည်။
&&&&&&&&&
''ဂျောင်းနိုင်ငံက အိမ်ရှေ့စံ ရောက်ပါပြီ မင်းကြီး''
မင်းကြီး Yunho က သူ့ခန်းမဆောင်ထဲမှာ မိဖုရား Suri နဲ့ စကားပြောနေတုန်း လာရောက် လျှောက်တင်သံ...
''ဝင်လာခိုင်းလိုက်''
တံခါးပွင့်သွားတဲ့ အခါ အလွန်ချောမောလှပတဲ့ ကောင်လေးတစ်ယောက် Yunho ရှေ့ ရောက်လာသည်။ မျက်လုံးကြီးကြီး နှုတ်ခမ်းဖူးဖူးလေးနဲ့။ ဆံပင်ကိုသာ မင်းသားလို စုမထုံးထားဘဲ ဖြန့်ချထားလျှင် မိန်းကလေးနဲ့ တော်တော်တူမည်ဟု Yunho တွေးလိုက်မိသည်။ ဟုတ်သည်...သေချာသည်...ဒီမျက်နှာက လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက သူလုံးဝ မေ့မရတဲ့ မျက်နှာပဲ။ ထိုကောင်လေးက Yunho ကို ဒူးထောက်ရင်း အရိုအသေပေးလိုက်သည်။
''မင်းကြီးကို ဂါရဝပြုပါတယ်။''
''မင်းက ဂျောင်းနိုင်ငံရဲ့ အိမ်ရှေ့စံလား။''
''မှန်ပါတယ် မင်းကြီး''
''မင်းနာမည် ဘယ်လိုခေါ်လဲ။''
''Jaejoong ပါ မင်းကြီး''

Yunho တစ်ယောက် Jaejoong ကို ပြန်ပြုံးပြလိုက်သည်။
''ဟုတ်ပြီ။ မင်းနေဖို့ အဆောင်ကို ဒီအပျိုတော် လိုက်ပြပေးလိမ့်မယ်။ လိုက်သွားလိုက်ပါ။ မင်းသွားလို့ရပြီ။''
Yunho စကားဆုံးတော့ Yunho ဘေးမှာ ရပ်နေတဲ့ အပျိုတော်နဲ့ အတူ Jaejoong ထွက်လာခဲ့သည်။ Yunho ခုနက Jaejoong ကို ပြုံးပြနေတဲ့ မျက်နှာတဖြည်းဖြည်း ပြန်တည်သွားပြီး စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည်။

'Jaejoong တဲ့လား။ ဒီနေ့တော့ မင်းကို ငါမဆုံးမသေးဘူး Jaejoong...နောက်နေ့ကစပြီး ဒီနန်းတော်ထဲမှာ နေနေသ၍ မင်းဘဝကို ငရဲနဲ့ တူအောင် ငါဖန်တီးပြမယ်...'
---------------
စိတ်ထဲရှိတာတွေကို စိတ်ထဲရှိသလို ရေးပလိုက်ပါတယ်…ဝေဖန်လေကန်ကြပါဦး xD

Love winsWhere stories live. Discover now