How long will it last?

5.9K 433 13
                                    

နေခြည်နုနုလေး မျက်နှာပေါ် ဖြာဆင်းလာတော့ ကျွန်တော် အိပ်ရာနိုးလာသည်...အား...ခေါင်းတွေ ကိုက်လိုက်တာ...ညက ကျွန်တော် Jaejoong ကို သေရည်ဆက်ခိုင်းပြီး ဘာဖြစ်သွားတာပါလိမ့်...ပြန်စဉ်းစားရင်း ညက ပုံရိပ်တွေ ခေါင်းထဲ တဖြည်းဖြည်း ပြန်ပေါ်လာသည်...Jaejoong ကို ဘယ်လို မျက်နှာပြရမှန်းပင် မသိတော့...ကျွန်တော့် ပေါ့ဆမှုနဲ့ ဒေါသကြောင့် အပြစ်ကင်းစင်တဲ့ သူ့ကို လက်စားချေမိသည်...ပြီးတော့ ညက ဖြစ်ရပ်...သူ့ကို ဒဏ်ရာတွေ တစ်ခုပြီးတစ်ခု ပေးမိနေပြီလား...ကျွန်တော် သူ့အတွက် တစ်ခုခုလုပ်ပေးမှ ဖြစ်တော့မည်...ထိုစဉ် ဘေးက လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်တော့...
''ကြင်ယာတော်...''
''မင်းကြီးတောင် နိုးတော်မူနေပြီ''
မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်ရင်း အိပ်မှုန်စုံမွှား ဖြစ်နေတဲ့ သူ့ပုံစံလေးက ချစ်စရာကောင်းလိုက်သည့် ဖြစ်ခြင်း...ခုမှ သတိထားမိတာ သူ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းတွေ လိုလို...သူ ညက ငိုထားတာများလား...မင်း ကိုယ်တော့်ကို ဘယ်လောက်တောင် စိတ်ပျက်နေပြီလဲဆိုတာ ဒီမျက်ရည်တွေနဲ့ သက်သေပြလိုက်ပြီပေါ့လေ...အိပ်ရာပေါ်မှာ ထိုင်ဖို့ ကြိုးစားရင်း သူ့ဆီက စုတ်သပ်သံလေး ထွက်လာသည်...
''အရမ်း နာနေလား''
''မနာပါဘူး မင်းကြီး...အဆင်ပြေပါတယ်''
...သူတို့က ကြင်ယာတော်တွေလေ...ဘယ်လိုလုပ် မင်းကို နာလည်း နာတယ်လို့ လျှောက်တင်မှာလဲ Yunho...အဖြေမလိုတဲ့ မေးခွန်းကို မေးမိတဲ့ ကျွန်တော့်ကို ကျွန်တော် အပြစ်တင်လိုက်မိသည်။
''မင်းကြီး...ဒီနေ့ မွန်းတိမ်းလောက် ကျွန်တော်မျိုး မင်းကြီးကို မြို့တော်ထဲ လိုက်ပြပါရစေနော်''
...မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့သူ့ကို ခေါင်းငြိမ့်ပြီးသာ အဖြေပေးမိတော့သည်...

xxxxxxxxxxxxxxxx

''Jaejoong''
''မှန်လှပါ မင်းကြီး''
''ခုမြို့တော်ထဲ သွားမှာဆို...ကိုယ်တော်တို့နဲ့ လိုက်ပါမယ့် လုံခြုံရေးတပ်သားတွေက...''
လေး ငါးယောက်သာ ရှိသော တပ်သားတွေကို ကြည့်ရင်း အနားကို အပြေးရောက်လာသော Jaejoong ကိုမေးလိုက်မိသည်...
''တပ်သား ဒီလောက်ပါရင် လုံလောက်ပါပြီ အရှင်''
''သေချာရဲ့လား''
''သေချာပါတယ် မင်းကြီး...ဝေါယာဉ်ပေါ် ကြွတော်မူပါ''
...သူတို့ဆီမှာ ဘုရင်တွေ တိုင်းခန်းလှည့်လည်ရင် ဒီလိုပဲ မို့လို့ ဖြစ်မှာပါလေ...

Love winsOpowieści tętniące życiem. Odkryj je teraz