No Ceremonial Wedding

6.6K 477 14
                                        

Jaejoong >>>>
...နန်းတွင်းသူ လိုက်ပြတဲ့ အဆောင်ကို ရောက်တော့ ကျွန်တော် အခန်းထဲ လှည့်ပတ်ကြည့်မိသည်။ အကျယ်ကြီး မဟုတ်ပေမယ့် သေသေသပ်သပ်လေးနဲ့မို့ နေချင့်စဖွယ် ပုံစံလေးပါ...
''Kim ကြင်ယာတော်...ဒီမှာ လဲဝတ်ဖို့ ဝတ်ရုံတွေ ထားပေးထားပါတယ်...ဒါတွေပဲ ဝတ်ပေးပါနော်''
နန်းတွင်းသူက ဝတ်ရုံတစ်ခုကို ထုတ်ပေးရင်း ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော့်အတွေးစ ပြတ်သွားသည်။ ဝတ်ရုံကို လှမ်းယူပြီး ဖြန့်ကြည့်လိုက်တော့ အနက်ရောင်ပေါ်မှာ ရွှေရောင် ပန်းပွင့်တွေ လိပ်ပြာတွေ ဖော်ထားသည်။ ပိုးသားနဲ့ လုပ်ထားတာ ထင်သည်...အသားက အိအိညက်ညက်လေး... မင်းကြီးရဲ့ ဝတ်ရုံနဲ့ ပုံစံတူပါပဲ...နဂါးရုပ်နဲ့ ပန်းပွင့်ပုံပဲ ကွာသွားတာပါ...
''ဘာများ အလိုရှိသေးလဲ မသိဘူး''
''မလိုတော့ပါဘူး...မင်းသွားလို့ ရပြီ''
နန်းတွင်းသူ ထွက်သွားတော့မှ ကျွန်တော် မွေ့ယာပေါ် အသာလှဲပြီး မျက်လုံးတွေကို ပိတ်ထားရင်း အတွေးနယ်ချဲ့မိသည်...မင်းကြီးကို ကျွန်တော်အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာဆိုပေမယ့် သူ့ကို ကြည့်ရတာ တည်ကြည်ပြီး ယောကျာ်းပီသလွန်းလှသည်...ပထမကတော့ ကိုယ်ကလည်း အိမ်ရှေ့စံဆိုတဲ့ ဂုဏ်ကြောင့် ရှိးတိုးရှန်းတန်း ဖြစ်နေပေမယ့် သူ့ကို မြင်လိုက်တည်းက ကျွန်တော့်စိတ်ထဲ ဘယ်လို ဖြစ်သွားလဲမသိ...ဒါပေမဲ့ ခရီးပန်းလာတာကြောင့် ကျွန်တော် ပင်ပန်းနေပြီမို့ ဘာမှ ဆက် မစဉ်းစားဘဲ အိပ်ရာဝင်မိ တော့သည်။
&&&&&&&&&&
မနက် မိုးလင်းတော့ ကျွန်တော် ရေချိုးသန့်စင် အဝတ်လဲပြီး ခဏနေတော့ နန်းတွင်းသူတွေ ရောက်လာသည်...မျက်နှာချေ လူးပေးသူက လူးပေး...ခေါင်းဖြီးပေးသူက ဖြီးပေးနှင့်...မျက်နှာချေ လူးပေးတဲ့ နန်းတွင်းသူကတော့ ကြင်ယာတော်က အသားအရေ သိပ်ကောင်းတာပဲဟု ကျွန်တော့်ကို ချီးမွမ်းသွားသေးသည်...ကျွန်တော့် ဆံပင်ကို အရင်ကလို မင်းသားတွေ ထုံးသလို မဟုတ်ဘဲ ပုံစံပြောင်းလိုက်ကြသည်...ဆံပင်ကို ဖားလျားချပြီးမှ တစ်ဝက် ပြန်စည်းထားတဲ့ ပုံစံမျိုးပေါ့...ကျွန်တော့် ပုံစံ ကျွန်တော် ကြည့်ပြီး ဝမ်းနည်းသလိုလို အတွေးက ဝင်လာပြန်သည်...ရောမ ရောက်မှတော့ ရောမလို ကျင့်ရတော့မှာပေါ့လေ...

Love winsDonde viven las historias. Descúbrelo ahora