Epilogue

4.6K 264 30
                                    

''သားသား လာတော့ အခမ်းအနားက စတော့မှာ''

မုန့်စားဖို့ ဟန်ပြင်နေတဲ့ သားသားကို ကျွန်တော် ကောက်ပွေ့ချီလိုက်တော့ သားသားက မကျေနပ်ဟန်နဲ့ ကျွန်တော့်ကို နှုတ်ခမ်းစူပြလေသည်...ကိုယ့်ရင်သွေးမို့လို့လားတော့ မသိ ထိုနှုတ်ခမ်းစူနေတဲ့ ဟန်ပန်လေးကပင် ချစ်ဖို့ ကောင်းနေသဖြင့် ကျွန်တော် သားသားရဲ့ပါးနှစ်ဖက်ကို အားရပါးရမွှေးမွှေးပေးလိုက်တော့ သားသားဆီက တခိခိရယ်သံလေး ထွက်ပေါ်လာခဲ့သည်...

''မယ်တော်ကလည်း...သားသား မုန့်စားချင်သေးတာကို''

''ဘာာာ...မယ်တော်...သားသားကလည်း...ခမည်းတော်ပါ မယ်တော် မခေါ်ရဘူးလေ...နော်''

မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ခေါင်းငြိမ့်နေတဲ့ သားသားကို ကျွန်တော် ကြည်နူးစွာ ပြုံးပြနေမိပေမယ့် စိတ်ထဲမှာတော့ လူတစ်ယောက်ကို ကောင်းကောင်းမေတ္တာပို့နေမိသည်...ကျွန်တော့်ရဲ့ ချစ်လှစွာသော ခင်ပွန်းကြီး Jung Yunho ကိုပေါ့...သားသားကို မယ်တော်လို့ ခေါ်ဖို့ သင်ပေးတာ သူပဲဖြစ်ရမည်...

''ဒီသားအမိ နှစ်ယောက် ဘာလို့ကြာနေတာလဲ...မှူးမတ်တွေ စုံနေပြီလေ''

ဟောဟော...သူ့ကို မေတ္တာပို့နေတုန်းပဲ ရှိသေး ကျွန်တော်တို့ရှိရာကို ခပ်မှန်မှန်လမ်းလျှောက်လာသည့် သူ့ကို တွေ့လိုက်ရသည်...ခေါ်ပြန်တော့လည်းကြည့်သားအမိတဲ့...ခုတော့ သူ့ကို ရန်တွေ့လို့ မဖြစ်သေး...အခမ်းအနားက ရှိသေးသည်...ကျွန်တော်တို့ အတွက်မဟုတ်ပေမယ့် သားသားအတွက် အရေးကြီးသည့် အခမ်းအနားတစ်ခု ဖြစ်သည့် သားသားကို အိမ်ရှေ့စံတင်မြှောက်ပွဲလေ...သားသား အသက်က ခုမှ ငါးနှစ်လောက်ပဲ ရှိသေးပေမယ့် Yunho က ချစ်မြတ်နိုးလွန်းသောကြောင့်သာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့တာလေ...

''သားသားက မုန့်စားချင်နေသေးလို့ မနည်းခေါ်လာရတာ''

''သားတော်ရယ် ခဏနေရင် မင်းဥယျာဉ်ထဲမှာ စားဖွယ်ရာအများကြီး တည်ခင်းမှာ...ခုခဏလေး သည်းခံလိုက်ရင် သားသားစားချင်သလောက် စားလို့ရပြီ''

''တကယ်လား ခမည်းတော်''

Yunho ခေါင်းငြိမ့်ပြလိုက်သည့် တခဏမှာပဲ သားသားက ရေးးခနဲအော်ပြီး သူလက်ဆွဲခေါ်သွားရာနောက်ကို ကြည်ကြည်ဖြူဖြူပါ သွားတော့သည်...တော်တော်လိုက်လည်း လိုက်တဲ့ သားအဖ...ကျွန်တော်ကပဲ လူဆိုးကြီးကို ဖြစ်လို့...

Love winsDonde viven las historias. Descúbrelo ahora