Confessions

6.3K 446 12
                                    

*mpreg ပါပါသည် (တချို့က မကြိုက်ကြလို့ ကြိုသတိပေးထားတာပါ)

-------------------------

သတိလစ်သွားလို့တဲ့...Jaejoong ဘာများ
ဖြစ်တာပါလိမ့်...ကျွန်တော် ချက်ချင်းထပြီး သူ့အဆောင်ဘက်ကို လိုက်သွားမိသည်...ကျွန်တော် သူတစ်ခုခုဖြစ်သွားမှာ ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ...သူ့အပေါ် သနားတာနဲ့ အားနာတယ်ဆိုတဲ့ စိတ်ထက် ပိုသံယောစဉ် တွယ်နေမိပြီလား...ဘာပဲဖြစ်ဖြစ်...ခုလောလောဆယ် သူ့မျက်နှာမြင်ရဖို့ကသာ အရေးကြီးသည်

သမားတော် ရောက်လာပြီး သူ့ကို စမ်းသပ်ပေးနေတဲ့ အချိန် ကျွန်တော် အသက်ပင် ပြင်းပြင်းမရှူရဲ...သမားတော်ကြီးရဲ့ မျက်မှောင်ကုတ်ထားသော မျက်နှာအသွင်အပြင်ကို မြင်လိုက်ရတော့ ကျွန်တော် ပိုစိုးရိမ်သွားသည်...ဘာများ ဖြစ်လို့ပါလိမ့်...ကုလို့ မရတဲ့ ရောဂါတစ်ခုခုများလား...ဟင့်အင်း...Jaejoong...ငါမင်းအပေါ် ဘာတစ်ခုမှ မပေးဆပ်ရသေးဘူးနော်...ရုတ်တရက် ကျွန်တော့်ဘက်ကို လှည့်ကြည့်လာတဲ့ သမားတော်ရဲ့ မျက်နှာအမူအရာကို ကျွန်တော် သဘောပေါက်လိုက်မိသည်။
''မင်းတို့ အားလုံး ထွက်သွားကြတော့''

အမိန့်သံကြောင့် အမှုထမ်းတွေ အားလုံး ထွက်သွားချိန်မှာတော့ ကျွန်တော်ရယ် Yoochun ရယ်နှင့် သမားတော်သာ ကျန်ခဲ့တော့သည်...Jaejoong ကတော့ သတိမရသေး...
''ပြောပါ သမားတော်ကြီး....Yoochun ရှေ့မှာ ပြောလို့ ရပါတယ်''
''မင်းကြီး...ဒီလို အဖြစ်မျိုး ကျွန်တော် သမားတော်လုပ်လာတဲ့ သက်တမ်းတလျှောက် တစ်ခါမှ မကြုံဖူးပါဘူး...ကြင်ယာတော်က...''
ပြောမယ့် စကားကို ဆက်မပြောဘဲ ရပ်လိုက်တော့ ကျွန်တော် စိတ်မရှည်ချင်တော့...
''ကြင်ယာတော်က ဘာဖြစ်နေတာလဲ သမားတော်ကြီး''
''ကြင်ယာတော်က ကိုယ်ဝန်ရှိနေတယ်လို့ ကျွန်တော်မျိုး ယူဆပါတယ်''
...သမားတော်ကြီးရဲ့ စကားအဆုံးမှာတော့ ကျွန်တော်ရော Yoochun ပါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်...
''ဒါ...ဒါဘယ်လိုဖြစ်...ကြင်ယာတော်က ယောကျာ်းလေးပါ သမားတော်ကြီး''
''မှန်ပါတယ် မင်းကြီး...ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ...ကျွန်တော်မျိုး အမြင်မှာတော့ ကြင်ယာတော်မှာ မွေးရာပါ သားအိမ်ပါလာလို့လို့ ထင်ပါတယ်''
...ငါပျော်ရမှာလား ငိုရမှာလား Jaejoong ရယ်...
''ခုက အားနည်းလို့ သတိလစ်သွားတာပါ အားဖြစ်မယ့် အစားအစာသုံးဆောင်ပြီး အားဆေးလေး ကျိုတိုက်လိုက်ရင် သက်သာသွားမှာပါ မင်းကြီး''

Love winsOnde histórias criam vida. Descubra agora