Yoona-"နင်..နင်..yuri ဟုတ်တယ်မလား.."
Yul-"သိပ်ဟုတ်တာပေါ့ဟ..နင့် သူငယ်ချင်းအရင်းကြီးကို..ဘာလဲ နင်ကမေ့ပြီပေါ့လေ ဟုတ်လား.."
Yoona-"မဟုတ်ပါဘူးဟာ..နင်ကလည်း..ရုတ်တရက်ကြီးဆိုတော့.."
Yul-"ထားပါတော့..seo လေး accident ဖြစ်တယ်ဆို..ဘယ်လိုဖြစ်ရတာလဲ.ငါမှာရောက်ရောက်ချင်း..ရင်ဝဆောင့်ကန်ခံရသလိုပဲ ကြားရတဲ့ သတင်းက.."
Yoona-"အင်း..ဟုတ်တယ်.တော်သေးလို့..seo လေးဘာမှဖြစ်မသွားဘူး..နည်းနည်းပဲ ထိခိုက်မိသွားတာပါ ခဏနေပြန်တော့မို့.."
Yul-"aww..ဟုတ်လား.တော်သေးတာပေါ့.ဒါနဲ့ တိုက်တဲ့ကားသမားကရော."
Yoona-"အမလေး..မပြောချင်ပါဘူးဟယ်.ပိုက်ဆံရှိတဲ့ဆိုပြီး.မာန်တတ်နေတဲ့လူ..အစက ပိုက်ဆံမတောင်းဘဲနေမလို့..seo လေးက အဆင်ပြေတယ်ပြောတော့..ဒီတိုင်းတောင်းပန်ခိုင်းမလို့.."
Yul-"အင်း..."
Yoona-"အဲ့ဒါကို သူက..ဘာတဲ့..ငါကသူ့ကို ပိုက်ဆံအတွက်ခေါ်တယ်ဆိုပဲ..အဲ့လိုလည်းပြောရော..ငါ နည်းနည်းပွဲကြမ်းပေးလိုက်တယ်.."
Yul-"ဒါပေါ့..လုပ်ရမှာပေါ့..နို့မို့..im yoona ဘယ်ပီသပါ့မလဲ.."
Yoona-"ဟုတ်တယ်နော့..အာ့နဲ့ ငါလည်း စကားစီကာ ပတ်ကုံးပြောလိုက်တော့..သူတောင်းပန်တယ်ဟ..ပြီးတော့..သူလှည့်ပြန်ခါနီးဆေးရုံစရိတ်ရှင်းခိုင်းလိုက်တယ်..အမြင်ကတ်ပုဒ်မနဲ့.."
Yul-"ဟား..ဟား...ဟိုတယောက်တော့ တင်းသွားမှာပဲ..ဒါနဲ့ အဲ့လူက ယောင်္ကျားလေးလား..မိန်းကလေးလား."
Yoona-" မိန်းကလေးပါ..တိုက်တဲ့သူက.."
Yul-"ထင်ပါတယ်..အာ့ကြောင့်..im yoona တယောက် သတ္တိတွေကောင်းတာ.."
Yoona-" ya...နင်နော်...."
Yul-"ကဲ ကဲ talking လျှော့ပြီး seo လေးဆီ သွားရအောင်.ကလေးမ တယောက်တည်းဟ.."
Yoona-" ဟုတ်သားပဲ..သွားရအောင်.."
Yuri နဲ့ yoona လက်ချင်းချိတ်ကာ..seo လေးဆီသွားကြသည်။××××× ×××××× ×××××
နောက်တနေ့မနက်ရောက်တော့...
Yoona's mom-" yoona သမီး..ညီမလေးရော?"
Yoona-"အိပ်နေတယ်လေ..omma ရဲ့..ဘာလို့လဲ.ကျောင်းသွားခိုင်းမလို့လား..ဒီနေ့တော့ နားပါစေလားဟင်..မနေ့ကလည်း ထိခိုက်ထားတော့.."
