Yoona-"Sica unnie!!!အာ....ဘာလဲဟာ.....ခေါင်းက.....ခေါင်း...အရမ်းကိုက်လာပြန်ပြီ......."
Yoona သူ့ခေါင်းလေးကို ကိုင်ရင်း ခွေကျသွားသည်..Sica လည်း အသံကြားလို့ လှည်ကြည့်တော့.....Yoona လဲနေတာ တွေ့သဖြင့်..
Sica-"Yoona-ah......"
Sica Yoona နား ပြေးသွားသည်....
Sica-"Yoona-ah~~Wae~~~ခေါင်းက...ဘာ...ဘာ ဖြစ်လို့လဲ....
Unnie.....ဘယ်လို လုပ်ပေးရမလဲ...ဆေးရုံ...ဆေးရုံကားလှမ်းခေါ်ပေးရမလား......အဆင်ပြေရဲ့လား......."Yoona ဘာမှပြန်မပြော.....
သူ့ခေါင်းလေးကိုသာ ကိုင်ထားမြဲ.....
Yoona ဘာမှပြန်မပြောတော့...Sica က ပိုစိုးရိမ်သွားပြီး......Sica-"Yoona...တခုခုပြန်ပြောဦးလေ....unnie ပြောတာတွေကြားရဲ့လား......Im Yoona!!"
Yoona ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး Sica ကို ကြည့်လိုက်သည်.....
Yoona-"Unnie...."
Sica-"Imm....ဘာပြောမလို့လဲ...."
Yoona-"unnie ....unnie ....sica unnie...."
Sica-"imm...unnie ဘာလုပ်ပေးရမလဲ..."
ခဏလေး....
အခု ငါ့ကို Sica unnie လို့ခေါ်လိုက်တာလား....
Yoona သတိပြန်ရပြီလား....ငါ့ကိုရော မှတ်မိလို့ခေါ်လိုက်တာလား....ငါ့ကို ဒီလိုမျိုး ခေါ်တာ နင်တယောက်တည်းပဲ ရှိတာပါ......
အခု..ငါ့ကို သတိရပြီလား....
ပြန်မှတ်မိပြီလား.....Sica-"Yoona-ah.....နင်....မဟုတ်မှလွဲရော.....
အတိတ်...အတိတ်ကို....သတိရတာလား......ဟင်..."Sica မျှော်လင့်တကြီး မေးလိုက်မိသည်.....
ဟုတ်မှာပါ...Yoona-ah....ကျေးဇူးပြုပြီး ဟုတ်တယ်လို့ဖြေပေးနော်.....ဟုတ်တယ်မလား...
ငါထင်တာမှန်တယ်မလား....Yoona-ah....Yoona Sica ကို အားယူပြီး ကြည့်လိုက်သည်....
ခေါင်းအရမ်းကိုက်နေတော့ သိပ်မော့မကြည့်နိုင်ဘူးလေ....ခဏကြာတော့....Yoona-"wae???? ညီမက ဘာတွေကို မှတ်မိသွားလို့လဲ???"
Sica-"ဟင်....စောနက unnie ကို sica unnie လို့ခေါ်လိုက်တယ်မလား...."
Yoona-"အင်းလေ...."
Sica-"အဲ့ဒါ သတိပြန်ရတာ မဟုတ်ဘူးလား....အရင်က..အရင်က....."
Sica မျက်နှာလေး ညှိုးသွားသည်.....
သူကသာ မျှော်လင့်ချက်ကြီးစွာနဲ့ မေးနေပေမယ့် Yoona ပုံစံက ဘာမှမသိတဲ့ ပုံ ဆိုတော့...ဆက်မေးနေလည်း သူ ပဲ တွေးပြီး နာကျင်ရမှာလေ.....သူ ဘာမှ ဆက်မေးမနေတော့ပါ...