တစ်ပတ်ကြာပြီးသော်.....
At hospital...Yul-"omma...ဆရာက ဘာတဲ့လဲ..ဆေးရုံကဆင်းတော့တဲ့လား...."
တစ်ပတ်ကြာတော့ Yuri က အတင်းဆေးရုံဆင်းမယ်ပြောတာနဲ့ Yoona omma က ဆရာဝန်ကို သွားမေးရတာပေါ့....
Yoona's omma-
"အင်း..ရပြီလို့တော့ ပြောပါတယ်..Seo လေးကတော့ ရတယ်..ဒါပေမယ့် သမီးက..."Yul-"wae .. omma"
Yoona's omma-
"သိပ်မသက်သာရင် မဆင်းပါနဲ့လား. omma က စိတ်ပူလို့ပါ...."Yuri က ပြုံးလိုက်ပြီး...
Yul-"သက်သာပါတယ် omma ရယ်..သမီးအတွက်စိတ်မပူပါနဲ့..Seo လည်း..
စာတွေနောက်ကျရောပေါ့..."Seo-"ဟုတ်တယ်..omma ဒီနေ့ Yoona unnie ကို စောစောပြန်လာခိုင်းလိုက်လေ..သမီးတို့ ကို လာကြိုရအောင်လို့.."
Yoona's omma-
"အို..ဇွတ်ပါပဲလား ဟိုက မအားရင် ဘယ်လိုလုပ်မလဲ အလုပ်ရှင်ကလေးမလေးကိုလည်း အားနာလို့.."Yul-"ထားလိုက်ပါ omma Yoona ကို ခေါ်မနေပါနဲ့..အားနာစရာကြီး...နော် Seo လေး"
Seoလေးက နှုတ်ခမ်းစူပြီး..
Seo-"unnie နဲ့ အတူ ပြန်ချင် လို့ဆိုနေ...ရပါတယ် ခေါ်မနေပါနဲ့..."
Yoona's omma-"omma သမီးက လိမ္မာပါတယ်..."
Yoona omma က Seo လေး ခေါင်းလေးကို ပုတ်ရင်း ပြောလိုက်သည်...
သို့သော် Yul တယောက် ကြားရက်တွေထဲ Yoona ကမအားလို့ မလာသဖြင့် သူသတိရနေသည်..ဖုန်းဆက်တော့လည်း မအားဘူး ချည်း ပြောကာ ဖုန်းချသွားသည်..Yul's POV
[အေးလေ..အခုမှအလုပ်အစဆိုတော့လည်း...
ငါကနားလည်ပေးရမှာပေါ့...]Sica တို့ ရုံးမှာတော့......
Kry-"မဟုတ်ဘူး..unnie အဲ့လို မလုပ်ရဘူး...
အဲ့လိုပုံတွေဆွဲချင်ရင်...ဒီမှာတွေ့လား...ဒီထဲဝင်ပြီးလုပ်ရမှာ...."Yoona-"ahh..ဟုတ်သားပဲ..မေ့မေ့သွားတယ်
ဒီလို လုပ်လိုက်ရင် ရပြီနော်"Kry-"nae unnie"
Krystal က Yoona ကို ကွန်ပျူတာသင်ပေးနေတာလေ ... သင်တာ တပတ်ပြည့်ခါနီးပြီပေါ့...Sica နဲ့ Soo ကလည်း နောက်ပိုင်းဆိုင်လေးကရောင်းအားကောင်းလာတော့ နားရတယ် မရှိဘူးပေါ့....တခါတလေ ဆိုင်ကို တယောက်တလှည့်စီသွားရတာပေါ့.....တယောက်တလှည့် ဆိုပေမယ့် Soo သွားရတာက များပါတယ် Sica က မှမသွားချင်ပဲ တခုခုဆို အကြောင်းကို ပြနေတာ.....Soo ကလည်း ရုံးမှာနေရင် ပျင်းတာနဲ့...မုန့်မစားရတာနဲ့ ဆိုပြီး ထွက်တာပေါ့...
ဒီနေ့လည်း Sica ဆိုင်ကို သွားရမယ့် နေ့ပါ..
ဒါပေမယ့် သူမသွားပါဘူး..Soo ကို လွှတ်လိုက်တယ်.....Soo လုပ်ရမယ့် အလုပ်တွေကိုတော့ သူကူပေးရတာပေါ့..
တခါတခါ သူ Yoona ကို ခိုး ကြည့်မိသည်....