Yuri မနက်အိပ်ရာနိုးတော့ သူ့အခန်းထဲပြန်ရောက်နေသည်.....
ဟင်..ညတုန်းက ဘယ်သူ ငါ့ကို ဒီထဲ ခေါ်လာပါလိမ့်.....
စဉ်းစားကြည့်တော့....ညက သူ သောင်းကျန်းတာတွေ မှတ်မိသွားသည်.....
မျက်လုံးကို မှိတ်ကာ ခေါင်းကို ခါလိုက်ရင်း.....
Ahhh...Kwon Yuri.....
နင်..ဘာတွေလုပ်ခဲ့တာလဲ??
နင်ရူးသွားပြီကို.....တခါမှ မသောက်ဖူးတဲ့ အရက်တွေသောက်ထားတော့....ခေါင်းတွေကကိုက်တုန်း.....
Yul-"ahh..ခေါင်းကလည်း...ကိုက်လိုက်တာနော်..."
Yuri သူ့ခေါင်းကို ကိုင်လိုက်ရင်း.....
အခန်းတံခါးဖွင်သံကြားလို့ မော့ကြည့်လိုက်တော့....
ဗန်းလေးကိုင်ရင်း ရပ်နေတဲ့ Im Yoona....Yoona နဲ့ သူ အကြည့်ချင်းမဆုံရဲ.....
ငါ့ကို Yoona မုန်းနေမလား??
စိတ်ပျက်သွားပြီလား??ဒါလည်း..ကောင်းပါတယ်.......
ငါ့ကို သူ နှင်ထုတ်နိုင်ပြီပေါ့....ငါမှ သူ့အနားက ကိုယ်တိုင် ထွက်မသွားနိုင်ပဲ..
Yoona-"Yul~~"
သိပ်ကို ညင်သာလွန်းပါတယ်...
သူခေါ်လိုက်တဲ့ အသံလေးကလေ.....မျက်နှာလွှဲနေရာကနေ မော့ကြည့်လိုက်မိသည်...
Yoona က လည်း သူ့ကို ပြန်ကြည့်မနေ.....
ခေါင်းတဖက်လေးစောင်းရင်း....
Yuri ကို လှမ်း လှမ်းကြည့်သည်.....သူရှက်နေတာလား?
သူ ငါ့ကို အားနာနေတာလား?Mianhae...Yoona-ah....T_T
Yul-"အထဲဝင်လေ...အဲနားပဲ ရပ်နေတော့မလို့လား..."
Yuri လှမ်းခေါ်မှပဲ Yoona လည်းသတိရပြီး...
Yoona-"aww..immm..."
Yoona ဗန်းလေးကိုင်ရင်း..Yuri ကုတင်နားလျှောက်လာသည်......
ဗန်းကို စားပွဲပေါ်တင်လိုက်ကာ....Yoona-"အဲ..ဒီဟာက.....နင်..နင်....အမူးပြေ..ပြေ..အောင်....ငါ..လုပ်ထားတာ....သောက်..လိုက်..."
Yoona တယောက် စကားတွေ ထစ်နေသည်...
မျက်နှာကို လှမ်းကြည့်တော့လည်း ရဲနေပြီ....Yul-"Yoona-ah~~"
Yoona-"ငါ...သွားတော့မယ်..."
Yoona လှည့်ထွက်မယ်လုပ်တော့...
Yuri က လက်ကို လှမ်းဆွဲလိုက်သည်...."
