Together Forever

1.2K 102 5
                                    

Yoona အိမ်ရောက်တော့.....တအိမ်လုံး.ပွနေသည်၊ပန်းအိုးတွေလည်းကျကွဲ..ပစ္စည်းတွေလည်း..ရှုပ်ယှက်ခတ်...တအိမ်လုံးရစရာမရှိအောင်...ကြည့်မကောင်းဖြစ်နေသည်။

Yoona လန့်သွားပြီး....

Yoona-"Yuri ya..Yuri ya..Kwon Yuri...Yuri က
ဘယ်ရောက်သွားတာလဲ..ဟင်..ဒါ Seo လေးလွယ်အိတ်....Seo က ကျောင်းမှာရှိရမှာလေ....ဘာလို့....."

ထိုစဉ် အနောက်မှ ယောင်္ကျား ၅ ယောက် ရောက်လာပြီး....ခေါင်းဆောင်ဖြစ်သူက..

Man-"မင်းလား...Im Yoona ဆိုတာ..."

Yoona ထိုသူနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး..

Yoona-"ဟုတ်ပါတယ်..ရှင်တို့ကရော..ဘယ်သူတွေလဲ..မဟုတ်မှလွဲရော..ကျွန်မသူငယ်ချင်း နဲ့ ညီမလေး ကို ခေါ်ထားတာလား..ရှင်တို့ သူတို့ ၂ ယောက်ကို ခေါ်ပြီးဘာလုပ်လိုက်ပြီလဲ..ပြောစမ်း...."

Yoona စိတ်တိုပြီး..ထိုလူရဲ့ ကော်လန်ကို ဆွဲပြီး..ပြောလိုက်သည်...

Man-"wow....wow...shawty လေးက လှသလောက်..မခေဘူးပဲ..မင်းလက်ကိုဖယ်စမ်းပါ..ငါတို့ကလည်း..ငါတို့ရဲ့ပိုက်ဆံကို ပြန်ရရင် ပြီးရော.."

ခေါင်းဆောင်က Yoona ရဲ့ လက်ကို ဆောင့်ချပြီးပြောသည်..Yoona တချက်ကြောင်ကြောင်သွားပြီး...

Yoona-"ပိုက်ဆံ...ဘာပိုက်ဆံလဲ..ရှင်တို့ကိုသိလည်းမသိဘူး..မြင်လည်းမမြင်ဖူးဘူး..ဘာပိုက်ဆံမှလည်း..မယူဘူး..လာပြီး.အကြောင်ကွက်ရိုက်မနေနဲ့...ကျွန်မ ညီမနဲ့ သူငယ်ချင်းကို လွှတ်ပေးနော်..မဟုတ်ရင် ရှင်တို့ စခန်းရောက်လိမ့်မယ်..."

Man-"ဟား...ဟား......ဟ...ရောက်မှာမင်းတို့ကွ..သူများဆီက ပိုက်ဆံယူပြီးရင် ပြန်ပေးရမှာပဲလေ..အေး..မင်းမယူပေမယ့်..မင်းရဲ့..Appa Han Yoong Min shi က ငါတို့ပိုက်ဆံတွေယူပြီးထွက်ပြေးနေတာလေ...အဲ့တော့ သူနဲ့ သက်ဆိုင်သူတွေဆီကို လာရတာပေါ့..ဟေ့ကောင်တွေ...ကောင်မလေး ၂ ယောက်ကို ခေါ်ခဲ့ကွာ...."

Men-"nae....hyungnim..."

ကျန်တဲ့ လူ ၄ ယောက် Yuri နဲ့ Seo လေးကို ခေါ်လာသည်..လက်တွေကို နောက်ပြန်ကြိုးတုပ်ထားပြီး..ပါးစပ်ကို အဝတ်ဖြင့် စည်းထားသည်...၂ ယောက်စလုံးကို ရိုက်ပြီးမေးထားသဖြင့်..ဒဏ်ရာ ကိုယ်စီ ရထားကြသည်...Yoona ကို လှမ်းကြည့်ပြီး..စကားမပြောနိုင်...Seo လေးကတော့ သတိမေ့နေသည်..Yuri လည်း.ဒဏ်ရာကြောင့် မလှုပ်နိုင်။

Together ForeverTahanan ng mga kuwento. Tumuklas ngayon