Sica-"Ya!!!KWON YURI!!!!"
Yuri မဲ့ပြုံးပြုံးလိုက်ပြီး...
Yul-"ဘာလဲ...အဖြေကို သိနှင့်လို့ ကြောက်နေတာလား..တခုတော့ မှတ်ထား..Yoona က သူ့ဘေးနားမှာ ဘယ်သူ့ကိုပဲ ရှိစေချင်တယ်ဆိုတာ .."
Sica-"ကောင်းပြီလေ..ငါက ငါဆိုတဲ့ Jung Soo Yeon က ကိုယ်ကလုပ်မယ်ပြောရင် မရရအောင် လုပ်တတ်တယ် စောင့်ကြည့်လိုက်"
Sica ပြောပြီး ဒေါသတကြီး လှည့်ထွက်သွားသည်
သူ ဘယ်လိုမှ မထင်ထား..Yuri ဆီက ဒီလိုစကားမျိုးတွေကြားမယ်ဆိုတာ...
Yoona နဲ့ ပက်သက်လာရင် Yuri ကို သူ သဝန်တိုရမယ် မှန်း သိပေမယ့်...
အခုလိုမျိုး...အခြေအနေ ဖြစ်လာမယ်လို့..
သူမမျှော်လင့်ထား...တရားမျှတစွာ နဲ့ ယှဉ်ပြိုင်ကြတာပေါ့...
Kwon Yuri....Yuri လည်း Sica နဲ့ စကားပြောပြီး ပြန်လာတာပေါ့...သူ Sica ကို ပြောလိုက်တာ လွန်များလွန်သွားသလား...
အို..မလွန်ပါဘူးလေ...မဟုတ်ရင် ငါပဲ ခံစားရမှာ..Yoona ကသာ သူ့ကို ထားသွားရင်...သူ အကြောက်ဆုံးသောအရာ...
ဆက်မတွေးချင်တော့...
Yoona နဲ့ ပက်သက်ရင်...ငါက
အတ္တကြီးတယ်...တကိုယ်ကောင်းဆန်တယ်..မိုက်မဲတယ်..ပြီးတော့ အားလုံးနဲ့လည်း လဲရဲတယ်.
ဘာလို့လဲဆို...သူက Im Yoona ဆိုတဲ့ သူက...
ဒီကမ္ဘာမှာ နောက်ထပ်မရှိနိုင်တော့လို့....ငါကလည်း..နောက်ထပ်မရှိနိုင်တဲ့ အချစ်မျိုး နဲ့ ချစ်မိနေလို့....
ဒီလိုနဲ့..Yoona အခန်းရှေ့ ရောက်လာတာပေါ့..
သူ တံခါးဖွင့်လိုက်တော့...Yoona-"ဘာတဲ့လဲ..ဘာဖြစ်လို့လဲတဲ့လဲ..ရန်ဖြစ်လာတာလား...ဘာမှမဖြစ်ဘူးမလား.."
Yoona တယောက် အလန့်တကြား မေးတော့ Yuri က ပြုံးပြီး...ခေါင်းလေးကို ပုတ်လိုက်သည်
Yul-"Aigooo..ဘာတွေကို ဒီလောက်စိတ်ပူနေရတာလဲ..ဘာမှမဖြစ်ပါဘူး..ဒီအတိုင်း .. ဒီအတိုင်း..."
Yuri ဘာဆက်ပြောရမှန်း မသိတော့..
သူအကြောင်းရင်းရှာတာ မတွေ့..
Yoona က စိတ်မရှည်ဘဲ..Yoona-"နင်...kwon yuri..လိမ်ဖို့ မကြိုးစားနဲ့..တခုခုဖြစ်လာတယ်မလား...ဒီနားထိုင်ပြီးသေချာပြောပြ..."
