Yoona-
ငါဘယ်ကိုရောက်နေပါလိမ့်...အသံတွေကရောဘာကြောင့် ဒီလောက်ဆူညံနေသလဲ??? အဲ့လူကြီးတွေကရောဘယ်သူလဲ???.လက်ထဲမှာလည်းတုတ်တွေနဲ့..ဘာလုပ်ကြမလို့လဲ......ကား...ကားတွေ...ဟွန်းသံတွေ....မိန်းကလေးတယောက်အသံ.....အာ ဘာတွေလဲကွာ!!!!!!Yoona တယောက် အတင်းမျက်လုံးကို ဖွင့်ပြီး ထလိုက်သည်..စောနက အတွေးတွေက သူ့ကို နှောက်ယှက်လွန်းတယ်လေ......
အခုမှ သူ့ကိုယ်သူ ကြည့်မိတော့ ခေါင်းကိုပတ်တီးစည်းထားသည်.....လက်ကိုလည်း ဆေးပိုက်တွေ ထည့်ထားသေး....အခန်းထဲလည်း ဘယ်သူမှမရှိ....သူခေါင်းတွေကိုက်လာသည်....
ဘာတွေဘယ်လိုဖြစ်ခဲ့လဲ သူမမှတ်မိ.....
ဘာကြောင့်ဒီရောက်နေလဲလည်း မသိ......
စောနကငါတွေ့တဲ့လူတွေနဲ့ ကြားရတဲ့အသံတွေကရော.....Aishiii....
စိတ်ရှုပ်လိုက်တာနော်...သူဆက်မတွေးတော့.....Yoona-"ကျွတ်စ်......ခေါင်းကလည်းကိုက်လိုက်တာ....."
ထိုစဉ်.. Yuri နဲ့ Sica ဝင်လာသည်...
Yoona တယောက် သတိရတာလည်း တွေ့ရော...Yul&Sica-"Yoona ya!!!!!"
Yul-"Yoona...သတိရပြီလား...ငါ..ငါ..Yuri လေ Kwon Yuri ... မှတ်မိလား..."
Sica-"Yoona ya.....unnie ကို သိလား...unnie လေ Jessica.. Jung Soo Yeon....မှတ်မိလား..."
Yul နဲ့ Sica ၂ယောက်သား အတင်းလုပြောတော့ Yoona က လက်ကာပြလိုက်ပြီး....
Yoona-"ခ-ခဏလေး.ခဏလေးပါ......ကျွန်မကို ဘာမှမမေးပါနဲ့လား...အခု ဘာမှ..ဘာမှ စဉ်းစားလို့ မရလို့.....ဟုတ်ပြီလား..."
Yul နဲ့ Sica တယောက်မျက်နှာတယောက်ကြည့်ရင်း......
၂ ယောက်လုံး..တူညီသော အတွေးတခုကို တွေးနေလောက်သည်......~အတိတ်များ မေ့သွားလေသလား..~
Yul-"ငါ ဆရာဝန်ကို သွားခေါ်လိုက်ဦးမယ်..စောင့်နေနော်..."
Yuri Sica ပခုံးကိုပုတ်ပြီး ထွက်သွားသည်...
Sica တယောက် ပတ်တီးစီးထားပြီး ဘာမှမသိတော့သည့်ပုံစံနဲ့ Yoona တယောက်ကို မြင်ရတော့ ရင်ထဲမကောင်းပါ.....
Sica မျက်ရည်ဝဲလာပြီး..Yoona လက်ကလေးကို ကိုင်ကာ ဘေးမှာထိုင်လိုက်သည်.
Yoona ကတော့ Sica ကို မမြင်ဖူးသည့်အကြည့်...သူ့လက်ကို လာကိုင်တော့လည်း အံ့ဩတဲ့အကြည့်.....
Sica...အဲ့အကြည့်...ဒီလိုအကြည့်တွေ...မဖြစ်ပါစေနဲ့လို့မျှော်လင့်မိပေမယ့်..ဖြစ်နေပြီလား....သူမခံစားနိုင်~~~