Part-15
သိက္ခာ နဲ့ မာန ဆိုတာ လူတယောက်ကို ကုပ်တက် လုပ်ထားတဲ့ ဆေးသကြားလိုပဲ ... အဲ့ဒီ အရာတွေ မရှိ တော့တဲ့အခါ တကယ့် သရုပ်အမှန်ဆိုတာ ပေါ်လာတတ်တယ်...
'ဘာ ... ... ဒူးထောက်ရမယ်? ဟုတ်လား?'
ဟိန်းထွက်လာသော Chanyeol ရဲ့ အသံက အခန်းထဲမှာ ပဲ့တင်ကျန်နေသည်။
' သူတောင်းဆိုတာကို ငါလဲ ပြန်ပြောရတာ .ကျန်တာ မင်းဆုံးဖြတ်ချက်ပါ'
'Chen...မင်းက ငါလုပ်လိမ့်မယ် ထင်နေတာလား? အာ့ကြောင့် လက်ခံလာခဲ့တာလား?'
' ဒီမှာ Chanyeol ...အခု ငါပြန်လာတာ မင်းသဘောကို မေးဖို့ပဲ... လက်ခံခဲ့တယ်လို့ ငါမပြော ပါဖူး .မင်းသဘောပါ... ငါအတင်းအကြပ် ပြောနေတာလဲ မဟုတ်ဖူး. မင်းခံစားချက်ပဲလေ ...ငါနဲ့ ဘာဆိုင်မှာလဲ? '
' Sorry Chen...ငါ နဲနဲ သတိလွတ်သွားတယ် မင်းကို အဲ့လိုပြောချင်တာ မဟုတ်ပါဖူး '
' ငါစိတ်မဆိုးပါဖူး ...မင်းစဉ်းစားပါ .သူက မင်းအတွက် အချိန် သုံးရက်ပေးလိုက်တယ်. အဲ့အတွင်းမှာ မင်း တခုခု ဆုံးဖြတ်ပါ'
'ငါ့ဘဝမှာ ပြိုင်ဘက်လို့ တောင် သတ်မှတ်မထား ဖူး တဲ့ လူတစ်ယောက်ဆီက ဒီလို ခြိမ်းခြောက်မှုမျိုး ခံရလိမ့်မယ်လို့ မထင်ခဲ့ဖူးဖူး... hk ... hk. . '
Chanyeol ၏ ခြောက်ကပ်ကပ်ရယ်သံက လေထု ထဲမှာ အကျည်းတန်နေသလို... ... ...
^^^^^^
တစ်ရက်...
နှစ်ရက်...
သုံးရက်မြောက် မနက်ခင်း...
ဒီနေ့ မနက်ခင်းက ခါတိုင်းမနက်ခင်းတွေနဲ့မတူ ... အဝါရောင်ဌက်ကလေးတွေရဲ့ တေးသီသံတွေကို မကြားရသလို... ...
ဆောင်းမနက်ခင်းမပီသစွာ နှင်းမြူတွေလဲ ရစ်သိုင်းမနေခဲ့သလို... ... သစ်ရွက်စိမ်းဖန့်ဖန့်လေးတွေကို လေတိုးသံလဲ မခံစားရသလို...
အရာရာဟာ သွေ့ခြောက်လို့ လောကဟာ ညှိုးရော် နေသလို...
Wu စံအိမ်တော်ထဲ ခြေချလိုက်ကတည်းက တစတစ ထိုးကျလာသော စိတ်အစဉ်က မတ်မတ်ရပ်ဖို့ တောင် ခက်ခဲလာသည် အထိ ပင်ပန်းလာနေသည်။
