Part 30 Final

65.4K 3.2K 714
                                        

Part -30 Final

'ကျွန်တော် မလိုက်နိုင်ဖူး. Hyung.. ကျွန်တော်.. Yeol ကို မထားခဲ့နိုင်ဖူး... ကျွန်တော့်ကို ခွင့်လွှတ်ပါ..'

ကျွန်တော့် မျက်နှာချင်းဆိုင်က Hyung ရဲ့ မျှော်လင့်တကြီး မျက်နှာကို ရင်မဆိုင်ရဲစွာ ခေါင်းကို ငုံ့ ချလိုက်သည်။

Hyung ရယ်.. Yeol လက်နဲ့ သာ Hyung ကို ထိခိုက်စေခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဖူး ထင်တယ်.။ ကျွန်တော် အတ္တကြီးပါရစေ.. ကျွန်တော် ဘယ်သူ့ ကို မှ လက်မလွှတ်ပါရစေနဲ့ ..

' အဟက်.. Baekhyun.. မင်းက မင်းကို ဒီအချိန်ထိ ရက်စက်လာခဲ့တဲ့သူ အပေါ်မှာ သံယောဇဉ်တွေ ထားနေသေးတာလား? မင်းပြောတော့ Hyung ရဲ့ ညီလေးအဖြစ် ထာဝရနေပေးမယ်ဆို.. မင်းက ငါ့ထက် အဲ့ဒီလူကို ပိုတွယ်တာ နေတာလား? ပြောစမ်းပါ .. ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောစမ်းပါ...'

မောဟိုက်နေသော အသက်ရှုသံနှင့် ဒေါသတကြီး ကျွန်တော့် ပခုံးကို ခပ်ကြမ်းကြမ်းလှုပ်ခါရင်း Hyung မေးသည်။ ကျွန်တော် ဘာဖြေရမလဲ.. ကျွန်တော် ဘာလုပ်ရမလဲ..

' Byun Baek ပြောလေ.. မင်း..သူ့ နားမှာမရှိလည်း သူ့ မှာ အလွယ်တကူ အစားထိုးစရာ အများကြီးပဲ. သူ မင်းကို ချစ်ဟန်ပြနေတာတွေက မင်း သူ့ အနားမှာ ရှိနေစဉ် အခိုက်အတန့် ပဲ.. အဲ့ဒါ မင်းသိလား?'

ကျွန်တော့်နားစည်အတွင်းပိုင်းထိ ဟိန်းနေသော Hyung စကားသံတွေက ကျွန်တော့်ကို ခြောက်ခြားစေသည်။

'သူ ကျွန်တော့် နေရာမှာ အစားထိုးလိုက်ရင်တောင် ကျွန်တော့်ရင်ထဲက သူ့ နေရာကို တခြား ဘယ်သူမှ အစားမထိုးနိုင်ဖူး Hyung .. အဲ့ဒါ ကျွန်တော့်ရဲ့ သစ္စာတရားပဲ.. ပြီးတော့ ကျွန်တော် အသက်ရှင်နေသရွေ့ သူ့ ကို ထပ်ပြီးစွန့် ပစ်မသွားတော့ဖူးလို့ ဆုံးဖြတ်ထားပြီးပြီ.'

ကျွန်တော့်ပုခုံးပေါ်က Hyung လက်တို့  အားအင်ဖျော့တော့စွာ ပြေလျောကျသွားတာကို ခံစားလိုက်ရသည်။

' အဲ့တော့ မင်းက Hyung ကို မရွေးဖူးလို့ ပြောလိုက်တာပေါ့.'

'Hyung....'

' ငါနားလည်ပြီ.. ငါသဘောပေါက်ပြီ.. ငါ မရှိတဲ့ အချိန်အတွင်းမှာ မင်းကို သူ ကောင်းကောင်း train ထားခဲ့တာပဲ.. သူ့ သစ္စာတော်ခံဖြစ်အောင်..သူ့ အမိန့် ကို နာခံတတ်အောင်.. ကောင်းကောင်း သင်ကြား ပေးထားတာပဲ.. '

Strangest LoveTempat cerita menjadi hidup. Temukan sekarang