Part 24

41.4K 2.8K 122
                                    

Part-24

'Yeol...ထမင်းစားပြီးပြီလား?  ဆေးရော သောက်ပြီး ပြီလား? ...  အဆင်ပြေရဲ့လား? '

မေးခွန်းတွေကို ဆက်တိုက် ပါးစပ်မပိတ်နိုင်အောင် မေးနေတဲ့ မျက်စိရှေ့က ကောင်လေးကို သူ ချစ်စနိုး ပြုံးကြည့်နေလိုက်သည်။

ဒူးခေါင်းဖုံးရုံလောက်ထိသာရှည်တဲ့ ကွာတား ဂျင်း ဘောင်းဘီအပြာနုနုနဲ့ ရှပ်အကျီင်္ပန်းနုရောင်လေး ဝတ်ထားပြီး ဆံပင်နက်ပျော့ပျော့လေးတွေ ဖွာဖွာထ နေတဲ့ ပုံစံလေးက မျက်စိရှေ့မှာ ဖျစ်ညှစ်ပစ်ချင် လောက်အောင် ချစ်ဖို့ အင်မတန်ကောင်းနေလေ သည်။

' Yeol... ah... Wae? ကျွန်တော်မေးနေတာ ဖြေဦးလေ... ဘာလို့ ပြုံးပဲ ပြနေတာလဲ?'

' မင်းလေးက အရမ်းအသည်းယားဖို့ ကောင်းနေလို့'

' အာ ... Yeol ကလဲ...'

ခေါင်းလေး ငုံ့ချကာ ရှက်စနိုးဖြစ်သွားသော ကောင်လေးကို...

' ဘာလို့ ရှက်သွားတာလဲ? အမှန်အတိုင်း ပြောနေတာကို... မျက်နှာချည်းကို ငုံ့မထားနဲ့... မင်းလေးရှက်နေရင် အရမ်းကြည့်လို့ ကောင်းတယ်'

'တော်ပါ... သူများရှက်နေတာကို ကြည့်လို့ ကောင်းတယ်တဲ့... အမြင်ကပ်လာပြီနော်'

ပြောရင်း သူ့ဝှီးချဲရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပြီး သူ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး ပါးမှာ ကပ်ထား စေသည်။

' Yeol လက်တွေက အရမ်းနွေးတယ်နော်... ပြီးတော့ ကြမ်းရှရှနဲ့ ... Yeol ရဲ့လက်တွေကို ကိုင် ရတာ ကြိုက်တယ်'

'တကယ်ကြိုက်တာလား?  ကလေးလေးက...'

' ဘာလဲ ကလေးလေး...ဆိုတာချည်းက? အဲ့လို မခေါ်နဲ့ဗျာ ... ကျွန်တော်မှ ကလေး မဟုတ်တော့တာ Uni တောင် တက်နေပြီ ... '

' ဟဟ တခုခုဆို နှုတ်ခမ်းလေးက စူလာတော့တာပဲ့  မင်းနဲ့ကိုယ်နဲ့ အသက် ဘယ်လောက်တောင် ကွာလဲ? မင်းက ကိုယ့်အတွက် ကလေးလေး...ပဲလေ'

' မကြိုက်ဖူးဗျာ ... အဲ့လို မခေါ်နဲ့နော် ခေါ်လို့က တော့ လူရှေ့သူရှေ့ရောက်ရင် ဦးလေးကြီးလို့ ခေါ် မှာ'

' ခေါ်ပေါ့ ... ကိုယ်က မင်းထက် 10နှစ်လောက် ကြီး တာပဲကို...'

' Yeol ...  ... ကျွန်တော် စိတ်တိုလာပြီ... မခေါ် ပါနဲ့ဆိုဗျာ...'

Strangest LoveМесто, где живут истории. Откройте их для себя