Part -9
ချစ်လှစွာသော Readernim တို့...
ဒီ Fic ကို စဖတ်ဖြစ်ကြကတည်းက Rated ဖြစ်တာ သိမယ်လို့ ယုံကြည်ပါတယ်။ ဒီအပိုင်းကစပြီး အနည်း နဲ့အများဆိုသလို ပါတော့မှာမို့ အပိုင်းတိုင်းမှာ M လို့ ထည့်မရေးတော့ပါဖူး ။ ကြိုတင်သတိပေးထားတာပါ။
ပြီးမှ RP ထုခံရမှာ စိုးလို့ပါ...။
<<<<<<<<>>>>>>>>>>>>>>
အပေးနဲ့ အယူဆိုသော စကားနှစ်လုံးမှာ ကိုယ်ယူလိုက်ရတာ နဲ့ ပေးလိုက်ရတာ တန်ရဲ့လား ဆိုတာ အမြဲတမ်း ထည့်သွင်း စဉ်းစားရမည့် အချက်ပင် ဖြစ်လေသည်။
ကျွန်တော်သိတာကတော့ ပေးအပ်မှုဆိုတာ တခါတလေ ကိုယ်ရလိုက်တာထက် အဆများစွာ ကွာ
ဟ တတ်သည် ဆိုတာပါပဲ... ...
>>>>>>>
'ငါဆိုတဲ့ လူက ငါခိုင်းတာကို သာမန်ကာ လျှံကာ လုပ်တယ်ဆိုတာထက် ငါ့အမိန့်ကို စိတ်ပါလက်ပါ နာခံတတ်တဲ့ သူမျိုးကို လိုချင်တာ မင်း အဲ့လို လူမျိုး ဖြစ်နိုင်ရဲ့လား? '
တည်ငြိမ်သော သူ့စကားသံမှာ တခွန်းဆို တခွန်း ဆိုသလောက် ပြတ်သားမှုတွေ ကျွန်တော် မြင်နေ ရသည်။
'ကျွန်တော် ...နာခံမှာပါ '
'အိုကေ ...မင်း စကားကို တည်မယ် ထင်တာပဲ '
' ဒါဆို မင်း အကျီင်္ကို ချွတ်လိုက်...'
'ဗျာ ဘာလို့ ...'
'မင်းမှာ ငါခိုင်းတာကို စောဒက တက်ပိုင်ခွင့် ဆိုတာ ရှိလို့ လား?'
'ဟုတ်...ဟုတ်ကဲ့ ကျွန်တော် ...လုပ်ပါ့မယ် '
တုန်ရီနေသော ကျွန်တော့်လက်အစုံက ကျောင်း အကျီင်္ဆီ ရောက်သွားရလေသည်။ ကျွန်တော်တို့ ကျောင်းအကျီပုံစံက အောက်ဘက်မှာ အဖြူရောင် ရှပ်အကျီင်္အပေါ်က နက်ပြာရောင် ဆွယ်တာ ခေါင်းစွပ် လက်ပြတ်ကို ထပ်ဝတ်ထားရသော ပုံစံမျိုး ဖြစ်သည်။
ကျောင်းအကျီင်္ခေါင်းစွပ်ကို ချွတ်လိုက်ပြီး သူ့ ဘက်ကို လှည့်ကြည့်မိတော့ လှပသော ဝိုင်ခွက်ထဲမှ ဝိုင်တွေ ကို ခပ်မြှင်းမြှင်း သောက်ရင်း ကျွန်တော့်ကို
