Part 21

43.2K 3.2K 155
                                    

Part-21

တာဝန်ခံ Chen ၏ စီစဉ်မှုဖြင့် Japan, Tokyo မြို့ကြီး သို့ နာရီ ပိုင်းအတွင်း ရောက်ရှိလာသည်။ မြို့ကို ရောက်ရောက်ချင်း တာဝန် ခံChen နှင့်အတူ ငလျင် ဖြစ်ပွားရာ နေရာသို့ ချက်ချင်း သွားခဲ့ကြ

သည်။

Shimo-itabashi အနီးရှိ လမ်းမကြီးများမှာ ပြတ်ရွေ့ကြောင်းကြီးများကြောင့် ကတ္တရာ လမ်းမ ကြီးများ အက်ကွဲလျက်ရှိသည်။ အထပ်မြင့် တိုက်တာကြီးများမှာ တခြမ်းပြို .တခြမ်း ယိုင်ကျရုံ သာမက လမ်းတိုင်း အပျက်အစီးပုံများမှာ ဒုနှင့်ဒေး ...

အပျက်အစီးများစွာသော ကားမျိုးစုံ....လဲကျနေသော လမ်းဘေး ဓါတ်တိုင်တွေ ...သစ်ပင်တွေ... မျက်စိရှေ့ မှ ဒဏ်ရာရလူများစွာ၏ နာကျင်စွာ ငိုညည်းရှိုက်သံ တွေ... သွေးသံရဲရဲ အနိဌာရုံ မြင်ကွင်းတွေ...

ကျွန်တော့်မြင်ကွင်းရှေ့က အရာအားလုံးက အသက် ရှုမှုကို ရပ်တန့် စေသည်။ ဒါ ကျွန်တော် ထင်ယောင် ထင်မှား ဖြစ်နေခဲ့တာ... ကျွန်တော် ဒီမြင်ကွင်းတွေကို မြင်နေရတာမဟုတ်ဖူး ... ဒီ အိပ်မက်ဆိုးကနေ တစ်ယောက်ယောက်များ ကျွန်တော့်ကို လာနှိုးပေးရင် သိပ်ကောင်းမှာပဲ...

တာဝန်ခံ Chen က ထိုနေရာနားရှိ သူ့အဖွဲ့ဝင်များ နှင့်တွေ့ဆုံလေသည်။ မြေပုံကြည့်ကာ Chanyeol တည်းခိုနေထိုင်ရာ Ohedo Hotel သို့ သွား ကြရာ ကြီးမားသော အုတ်ချပ်များစွာ နှင့် အပျက်အစီး ပုံကြီးကို သာ မြင်ရလေသည်။

ထိုမြင်ကွင်းကြောင့် လစ်ဟာသွားသော နာကျင်မှုကို ဘာနဲ့ ဖော်ပြရမည်မသိ... ကျွန်တော် နေရာမှာတင် မူးမိုက်မိုက် ဖြစ်လာသည်။

ခေါင်းတခြမ်းကို ဖိထားရင်း ဖြူဖျော့ဖျော့ ဖြစ်နေသော ကျွန်တော့်ကို တာဝန်ခံ Chen က စိုးရိမ်စွာ လှမ်းကြည့်ပြီး

' Baekhyun... တည်းမယ့် Hotel ပဲ သွားလိုက်ပါလား? ကျွန်တော် Baekhyun နဲ့ တယောက် ထည့်ပေးလိုက်မယ် စိတ်မပူနဲ့ တွေ့တွေ့ချင်း ကျွန်တော် Ph လှမ်းဆက်မယ်'

'Arnyi ...'ဘယ်သူက သွားမယ် ပြောနေလို့ လဲ? ကျွန်တော်ကိုယ်တိုင် သူ့ကို ရှာမှာ '

'မဟုတ်ဖူး Baekhyun ... ဒီနေရာတွေက အန္တရယ်များတယ် ပြိုကျပြီးသားဆိုပေမဲ့ တချို့နေရာ တွေက ထပ်ပြိုကျနိုင်သေးတယ် ကယ်ဆယ်ရေးတွေ တောင် သတိနဲ့ကူညီနေရတာ ကျွန်တော်တို့က သူ့ကို စိတ်ပူလို့ သီးသန့်ရှာကြမှာ Baekhyun တူတူလိုက်ရှာလဲ အဆင်မပြေဖူး အဲ့တော့ ပြန်ပါ'

Strangest LoveDonde viven las historias. Descúbrelo ahora