Part 6

54.5K 3.1K 37
                                    

Part 6

ဆောင်းမနက်ခင်းတခုရဲ့နေရောင်က ဖျော့ဖျော့လေး

ပြတင်းတံခါးမှန်တွေဆီကနေ အခန်းထဲကို ကျူးကျော်ဝင်ရောက်လာရင်း Baekhyun မျက်ခွံတွေကို နူးညံ့စွာလှုပ်နိုးလာတော့သည်။

မနက်အစောကြီး ကျောင်းသွားနေကြ  Baekhyun အဖို့ နေရောင်အခန်းထဲ ဝင်ရောက်မလာခင် အချိန် ကတည်းက နိုးထစမြဲ နိုးထနေကြ။

ကျောင်းသွားဖို့ နောက်ကျနေလောက်ပြီ ဟူသော အတွေးဖြင့် မျက်ခွံတို့ကို ပွတ်သပ်ရန် သူ့လက်တွေ ကို မြှောက်ယူလိုက်တော့ လက်နှစ်ခုဆီမှ တင်းကြပ် သော အထိအတွေ့ ...။  သူ့လက်တွေဆီကို အကြည့်ပို့မိတော့  အဖြူရောင် အကျီင်္အောက်က

ခပ်တင်းတင်းစည်းခံထားရသော လက်တစ်စုံ။

ခန္ဓာကိုယ်ကို ထူမတ်ယူဖို့ အနည်းငယ်ကြိုးစားကြည့် တော့ နာကျင်မှုက အသည်းအက်မတတ် ။ ကျောပြင်ဆီမှ ကျိန်းစပ်ပြင်းထန်သော ဝေဒနာ... ခန္ဓာကိုယ် အောက်ပိုင်းဆီမှ စူးရှအောင့်မျက်သည့် ခံရခက်လှပါသော ဝေဒနာ... ...သူ့တကိုယ်လုံး ကိုင်ရိုက်ခံထားရသလို နာကျင်နေသော ဝေဒနာ... ...

ဒီနေရာ ... ဒီအိပ်ခန်း... ဒီငရဲခန်း... သူ့ရဲ့ အသည်းပျက်ခမန်းကြောက်ရွံ့ခဲ့ရတဲ့ အချိန်တွေ သူ့နာကျင်မှုတွေ ကမ္ဘာပျက်မတတ်ကြာခဲ့တဲ့ နာရီတွေ... သူ့အော်သံတွေ ပျောက်ဆုံးခဲ့ရတဲ့ ညဆိုး... ...သူ့ဘဝတစ်ခုလုံး သူများခြေဖဝါးအောက် ချနင်းခံလိုက်ရတဲ့ ည... သူ့သွေးပျက်ခဲ့ရတဲ့ ည...

Baekhyun မျက်နှာပေါ်က ပူနွေးသော ရေစီး ကြောင်းနှစ်ခုကြောင့် ကိုယ့်ဘာသာငို နေမိပြီမှန်း သတိထားမိရင်း မျက်ရည်တွေကို ပွတ်သုတ်မိတော့ ပါးနှစ်ဖက်ဆီမှ နာကျင်မှုက အောင့်ခနဲ။ လှုပ်လိုက်

တဲ့ နေရာတိုင်း ထိမိတဲ့ နေရာတိုင်း နာကျင်လိုက် သည်မှာ ပြောပြဖွယ်ရာမရှိ ။ နှိုင်းယှဉ်ပြစရာ မရှိ။

'မင်း နိုးနေပြီလား'

သူ့နောက်ကျော ဘက်ဆီမှ ထွက်လာသော အသံခပ် သြသြကြောင့်  Baekhyun ကိုယ်လေးတချက် တုန်ခနဲပင်ဖြစ်သွားမိသည်။ သူ့ကို နာကျင်စေတဲ့ ဒီလူကို မျက်နှာချင်းပင် မဆိုင်ချင်ပါ။

Strangest LoveOù les histoires vivent. Découvrez maintenant