Part 27
အချစ်ဆိုတာ သူ့ ရဲ့  အပြုံးလေး တစ်လွှာမှာ စတယ်.. အကြည့်လေး တစ်ခက်မှာ ဆပွား တိုးစေတယ်..
မနက်ခင်းရဲ့ နွေဦး နေခြည်စူးစူးတွေ အိပ်ခန်းထဲ ကျူးကျော်ဝင်ရောက်လာတော့ လေးလံနေတဲ့ မျက်ခွံအစုံကို ပင့်ဟလိုက်သည်။ အကျင့်အတိုင်း နံဘေးက စားပွဲပေါ်က စားပွဲတင်နာရီကို မျက်စိရှေ့ ရောက်အောင် ယူကြည့် လိုက်တော့ မနက် ၉နာရီခွဲ..။
အကျင့် ဖြစ်နေတဲ့ မျက်လုံးက ဒီအချိန်လောက်ထိ ဘယ်တုန်းကမှ မအိပ်ဖူးတာမို့  ကိုယ့်ဘာကိုယ်တောင် အံ့အားသင့်သွားရသည်။ လက်မောင်းပေါ်က ခပ်လေးလေး အရာကို သတိထားကြည့်မိတော့ သူဧ။် ရင်ခွင်ထဲ ရောက်မတတ် တိုးဝင်အိပ်စက်နေသော ကလေးပေါက်စလေးကို မြင်ရသည်။
သူ့ရဲ့ ရွှေရောင်နဲ့ အဖြူရောင်အိသော ဆံနွယ်ပျော့ပျော့တွေထဲ နှာခေါင်းနှစ်ပြီး အားပါးတရ နမ်းရှိုက်လိုက်ပေ မယ့် ကလေးလေးက မနှိုးလာ....။ သူ့ နှုတ်ခမ်းထူထူတွေ ကလေးလေးရဲ့ နဖူးကစပြီး မျက်နှာ တစ်ပြင်လုံး အားရပါးရ ထိတွေ့ လိုက်တော့ ကိုယ်လေးက တွန့် ခါလာကာ မျက်လုံးလေး မဆိုစလောက်လေး ပွင့်လာလေ သည်။
တကယ်တော့ ပွင့်လာတယ်ဆိုပေမယ့် မှေးနေတဲ့ မျက်ခွံလေးတွေက မျက်လုံးဖွင့်ထားတာလား.. ဆက်မှေးနေ တာလား ..သိပ်မသဲကွဲ...။ ချစ်ဖို့  အရမ်းကောင်းတယ်ကွာ မင်းလေးက..
သူ့  အသည်းတစ်ခုလုံး ကြွက်ကိုက်နေသလို မရိုး မရွ ဖြစ်လာပြီး နှစ်ယောက်အတူ ခြုံထားသော စောင် အဖြူကို လှပ်ပစ်လိုက်သည်.။ အ၀တ်တစ်စကပ်မနေသော ကလေးလေးရဲ့ ၀င်းမွတ်နေသော ခန္ဓာကိုယ်လေး တစ်ဝိုက်မှာ နှီညိုရောင် kiss mark တွေက ကြွေကျနေသည့် ပန်းပွင့်လေးတွေလို ဟို တစ်ပွင့် .ဒီတစ်ပွင့်..။
စောင်ကို လှပ်လိုက်မှ မျက်လုံးလေး ဆတ်ခနဲ ပြူးလာပြီး ထထိုင်ပြီး ဒူးနှစ်ဖက်ကို ပိုက်ကာ ကျုံ့ နေအောင် ကွေး ထားလေတော့သည်.။
' အဲ့ဒါ ဘာဖြစ်နေတာလဲ? ကိုယ် မမြင်ရအောင် မလုပ်ထားနဲ့ လေ'
အတင်း ပိုက်စုထားသော ဒူးနှစ်ဖက်ကို ဆွဲခွာတော့..
