Part 11

58.3K 2.9K 65
                                    


Part-11

ကျောင်းရှေ့ရောက်ရောက်ချင်း ကံဆိုးချင်တော့... ကျောင်း တံခါးပိတ် ထားပြီ ဖြစ်ပြီး ကံကောင်းချင် တော့... လိုက်ပို့ပေးသော သူ့တပည့် ပုံစံကို မြင်ပြီး ကျောင်းစောင့်က တံခါးလာ ဖွင့်ပေးလေသည်။

အတန်းထဲ ရောက်ပြန်တော့ ဟိုလူ့ ကြည့်ပြီး စိတ်မလုံ... ဒီလူ့ ကြည့်ပြီး စိတ်မလုံ ... ကိုယ့်ကိုယ် ကိုယ် ပြန်... ပြန် ငုံကြည့်နေရတာ ရှက်ရွံ့စွာ ...

အရေးထဲ Tao က လူကြားထဲ မင်းလည်ပင်းမှာ အနီ ကွက်ကြီး လို့ ထပြောလို့ ဖုံးရဖိရနှင့် အဆင်မပြေ

။ ဒီနေ့ ကျွန်တော် ကံမကောင်းပါ ... ...

တနေကုန် အနေရခက်စွာ ကျဉ်းကျပ်စွာ စိတ်ညစ် ညူးစွာ ဖြတ်သန်းပြီးနောက်မှာ အိမ်ပြန်ရောက်လာ တော့သည်။ ဟိုလူကြီး မရှိပါစေနှင့်လို့ ကြိတ် ဆုတောင်း နေတာ ကျောင်းကတည်းက... ... ဆုတောင်းပြည့်သည်ပဲ ပြောရမလား... ... မနက်ကတည်းက သူပြန်မလာ သေးဘူးတဲ့ ...။

ဒါတောင် ကျောင်းကို လိုက်လာပြီး နှိပ်စက်သွားသေး သည် -_-

ကျောင်းကပြန်ရောက်ပြီး စံအိမ်တော်ရှေ့က စိုက်ထားသော အပင်လေးတွေကို ပြုစု ရေလောင်း နေလိုက်သည်။ အပေါ်ထပ်ကတော့ မနက်ကတည်း က ရှင်းပြီးသားဆိုတော့ ထပ်လုပ်စရာ မလိုလောက် တော့ ... ...။

ရေမိုးချိုး ထမင်းစားပြီး စာကြည့်စားပွဲမှာ ထိုင်ပြီး စာ ကျက်နေလို့ တစ်နာရီ မပြည့်တပြည့်မှာ တံခါး ခေါက် သံကြားလို့ ဖွင့်ကြည့်တော့ ...အိမ်ထိန်းအဒေါ်ကြီး တစ်ယောက်......

'ကလေး ...အပေါ်တက်သွားလိုက်ပါဦး. ခေါင်းဆောင်ကြီး ခေါ်နေတယ် '

'အခု သွားရမှာလားဟင်?'

'အေး ချက်ချင်းသွားလိုက်တာ ကောင်းတာပေါ့ကွယ်'

'Nae '

ကျွန်တော် သူ့အခန်းတည့်တည့်ရောက်သွားတော့ တံခါးကခေါက်ကြည့်တော့ တုံ့ပြန်သံက မကြား... အင်း ...ပြန်ပဲ ဆင်းသွားရမလား ...ဝင်ပဲ ဝင်သွား ရမလား မသိတော့။ ခေါ်ထားတာကို မလာရကောင်း လားဆိုပြီး ပိုမာန်မဲနေမှ ... ...

Strangest LoveDove le storie prendono vita. Scoprilo ora