Part-16
တဖျောဖျောနှင့် ကြွေကျလာသော နှင်းပွင့်တွေက မြင်လွှာရှေ့မှာ ပြန့်ကြဲလို့... ...။
ဖြူဖြူစွတ်စွတ် အေး စက်စက် နှင်းစက်တွေရဲ့ အေးခိုက်မှုက ရင်ထဲက မီးပွင့်တွေကို မငြိမ်းသတ်နိုင် သလို... ...။
ထွက်သွားစေချင်တဲ့သူရဲ့ နားမှာ မကြိုက်မှန်းသိရဲ့  သားနဲ့ အတင်း ကုပ်ကတ်ဖက်တွယ်ထားတတ်တဲ့ လူအမျိုး အစားထဲမှာလည်း ကျွန်တော် မပါ,ပါဖူး... ...။
သွေးအေးလွန်းလှတဲ့ သူ့ရဲ့ စကားအခွန်းတိုင်းကို မနာ,မကျင်ပဲ ကြံကြံခံပြီး ပြုံးပြနိုင်တဲ့ လူအမျိုးအစား ထဲမှာလည်း ကျွန်တော် မပါ,ပါဖူး... ...။
နှင်မထုတ်မချင်း ကပ်ရပ်ပြီး နေရဲပေမယ့် ထွက်သွား ရမယ့်အချိန်မှာ မျက်နှာပြောင်တိုက်ပြီး နေရဲတဲ့ လူအမျိုးအစားထဲမှာလည်း ကျွန်တော် မပါ, ပါဖူး... ။
စံအိမ်တော်ကြီးပေါ်က ဆင်းပြေးလာတဲ့ တစ်လျှောက်လုံး နောက်ကို လှည့်မကြည့်ပဲ တရစပ် ပြေးလာခဲ့တာ စံအိမ်ဂိတ်တံခါးကိုတောင် ဘယ်လို ကျော်လာခဲ့မှန်းမသိ...
ကျွန်တော့်ဘဝရဲ့  ကံအကြောင်း တရားတွေကြောင့် အရမ်းကြီးကျယ်ပေ့ဆိုတဲ့ အိမ်တော်ကြီးတွေကို ရောက်ခဲ့ဖူးတယ်...
အခု အဲ့နှစ်အိမ်လုံးကနေ ကျွန်တော် လွတ်မြောက် လာခဲ့တယ်။ ပထမတစ်ခေါက် လွတ်မြောက်တုန်းက ငှက်မွှေး တောင်လေးတစ်စလို ပေါ့ပါးလွတ်လပ် ပျော်ရွှင်ခဲ့ရ သလောက် ဒီတစ်ကြိမ်မှာ ဘာလို့ အဲ့လောက်တောင် ရင်ဘတ်ထဲက တင်းကျပ် နာကျင် နေရတာလဲ??
ခြေဦးတည့်ရာ လျှောက်ပြေးလာရင်း သတိထားမိ တော့ ကျွန်တော့် ခြေထောက်နှစ်ဖက်မှာ အကာ အကွယ် မရှိ... ကျွန်တော် ဒီတိုင်းပြေးလာခဲ့မိတာ...
ဦးခေါင်းဆီမှ ခပ်ဆစ်ဆစ် ကိုက်ခဲမှုက နားထင်နားဆီ ဆောင့်ခနဲ ဆောင့်ခနဲ...နားထင်စပ်ဆီ စီးကျလာ သော သွေးပျစ်ပျစ်တွေကို စမ်းမိတော့မှ ခေါင်းက ဒဏ်ရာကို သတိထားမိသွားသည်။ ထိသွားတုန်းက သွေးထွက်လာလိမ့်မယ်လို့ကို ထင်မထားတာ...
ခပ်ပါးပါး အပြာနုနုအရောင် ရှပ်အကျီင်္သားကို ထွင်း ဖောက် ယိုစိမ့်လာသော အအေးဓါတ်က လူကို ကျင်ခဲ စေသလို ...
