Part-20
သူဆေးရုံမှ 2ရက်အတွင်း ဆင်းလာပြီး စံအိမ်တော် မှာ ပြန်လာနေပြီး ဆရာဝန်တစ်ဦးက လာရောက် ကြည့်ရှုလေသည် ။ သူနှင့် မျက်နှာချင်းဆိုင်ရမှာ မနှစ်သက်လို့ ဆေးရုံကိုပင် မသွားခဲ့သော ကျွန်တော် သည် စံအိမ်တော်မှာ သူရှိနေစဉ်မှာလည်း အပေါ်ထပ်ကို ယောင်လို့ပင် မသွားပါ။ လူနာသတင်း လေး လောက်ဖြစ်ဖြစ် ဝင်မေးသင့်သော်လည်း ကိုယ့်စိတ်ကို အစိုးမရ၍ သွားပင် မမေး ဖြစ်။ ။ ကိုယ့် ကျောင်းစာနဲ့သာ လုံးပမ်းနေထိုင်ဖြစ်သည်။
'Baekhyun ... ကျွန်တော်စကားပြာလို့ ရမလား?'
ထမင်းစားခန်းထဲ တစ်ယောက်တည်း ထမင်းစားနေ တုန်း ဝင်လာသော တာဝန်ခံ Chen ကြောင့် သူစား နေရာမှ ကြည့်လိုက်မိသည်။
'ရပါတယ် ပြောပါ'
'ဘယ်လောက်ပဲ မုန်းတယ်ဆိုဆို အဲ့ဒီလူ အားငယ် နေတဲ့ အချိန်မှာ အားနာပါနာ နဲ့ ဖြစ်ဖြစ် သွားတွေ့ ပေးလို့မရဖူးလား?'
'တာဝန်ခံChen ပြောတဲ့ သူမှာ အားငယ်နေတဲ့ အချိန်ဆိုတာရော ရှိလို့လား?'
ခပ်တင်းတင်းပြန်ပြောသော ကျွန်တော့် မျက်နှာကြောင့် တာဝန်ခံ Chen က အနည်းငယ်လေး သက်ပြင်းချကာ ...
'သူခွဲစိတ်ထားတာ အကင်းမသေသေးပဲ ဆေးရုံကနေ ဆင်းလာခဲ့တာ Baekhyun ကို တွေ့ချင်လို့ပါ Baekhyun ဆေးရုံကို လိုက်မလာတာ ကျွန်တော် အပြစ်မတင်ပါဖူး... ဒီမှာရှိနေတဲ့ အချိန်လေးတော့ ကျွန်တော့် သူငယ်ချင်းကို သွားတွေ့စေချင်ပါတယ် ကျွန်တော့်ဘက်က တောင်းဆိုတယ်လို့ သဘောထား ပေးပါ'
'... ... ... ... '
ကျွန်တော် ဘာစကားမှ မဆိုတော့...
'သူ အားငယ်နေပါတယ်... သူ့ရဲ့အားငယ်နေတဲ့ မျက်နှာကို ကျွန်တော် မြင်နေရပါတယ် ကျေးဇူးပြုပြီး Baekhyun သွားတွေ့ပေးမယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာမိမယ်ထင်တယ် သူကတော့ မလာချင်တဲ့ Baekhyun ကို ခေါ်မှာတော့ မဟုတ်ဖူး '
' ဟုတ်ပါပြီ တာဝန်ခံ Chen ဒီလောက် ပြောနေလို့ ကျွန်တော် သွားတွေ့ပေးပါ့မယ် '
' ကျေးဇူးတင်ပါတယ် ... Baekhyun'
ခြေမချတာ ကြာပြီ ဖြစ်သော သူ့အိမ်အပေါ်ထပ် ကြမ်းပြင်ကို နင်းလိုက်တော့ ခါတိုင်းလို သင်းပျံနေ တတ်သော Lavendar Air Fresher ရနံ့လေး ကို ရလေသည်။ သူ့အခန်းတံခါးရှေ့ရောက်မှ အောင့်ထားသော အသက်ကို မှုတ်ထုတ်လိုက်ပြီး အသက်ဝဝရှုကာ တံခါးကို ခေါက်လိုက်သည်။