Part-19
အမုန်း၏ အလွန်တွင်လည်း အချစ် ရှိတတ်သလို အချစ်၏အလွန်တွင်လည်း အမုန်းရှိတတ်သည်။
'အခု ...ခင်ဗျား ဘာပြောလိုက်တာလဲ?'
'ကိုယ်ပိုင်တဲ့ university မှာပဲ တက်ဖို့ ပြောနေတာ လေ'
'ခင်ဗျား ရူးနေလား ?ကျွန်တော်က Konkuk
University မှာ တက်ဖို့ Form တင်ပြီးနေပြီ'' ဘာပဲဖြစ်ဖြစ်လေ မင်း ကိုယ့်ကျောင်းမှာပဲ တက်ရ မယ်... မင်းသူငယ်ချင်း ကောင်လေးမိဘတွေကို လည်း လှမ်းပြောပြီးပြီ သူငယ်ချင်းနဲ့တူတူ တက်ရမှာ ပဲ ကိုယ်စီစဉ်ပေးတာကို မငြင်းနဲ့တော့...'
'ခင်ဗျား ကျွန်တော့်ကို လာအမိန့်ပေးနေတာလား?'
'ကိုယ် မင်းကို အမိန့် မပေးဖူး အသိပေးနေတာ... မင်း အတွက် အစစ အရာရာ စီစဉ်ထားပြီးပြီ အဲ့ဒါ ကိုယ် ပြောချင်တာပဲ '
သူပြောချင်ရာ ပြောပြီး လှည့်ထွက်သွားတော့ တကိုယ်လုံး ဒေါသအဟုန်ကြောင့် တုန်ယင်လျက် ကျန်ခဲ့သူမှာ ကျွန်တော် တစ်ယောက်တည်းသာ ဖြစ်လေသည်။
ဟိုတစ်လောက အကြီးအကျယ်ပေါက်ကွဲပြီးတဲ့ နောက်ပိုင်း သူမဟုတ်သလို တည်ငြိမ်နေလေသည်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်လေ့ရှိသော သူက အခု လည်း ကျွန်တော့်ဘဝကို စီမံနေပြန်သည်။ ခင်ဗျား အဲ့လို ချုပ်ချယ်လေ ပိုမုန်းလေပဲ...
တစ်အိမ်တည်းမှာနေပြီး လိုတာထက် စကားပြောခွင့် မရအောင် ရှောင်နေတတ်သော ကျွန်တော်က အားလပ်နေလျှင် တန်းလျားဘက် သွားရင် သွား... ဥယျာဉ်ဘက် သွားပြီး အပင်စိုက်ရင်စိုက် ... အဲ့လို မဟုတ်ရင် အခန်းထဲမှာသာ စာဖတ်နေတတ်လေ သည်။
ယနေ့နံနက်ခင်းကတော့ မြူကင်းလို့ ဆောင်းနေ ခြည်နုနုကို ခံစားခွင့်ရသည့် နေ့တစ်နေ့... မနက်စာ ကော်ဖီနှင့် မုန့်ကို သောက်ပြီး ခြံထဲ ဆင်း, လမ်း လျှောက်နေတုန်း...
' Good Morning , Sir '
ရုတ်တရက် နှုတ်ဆက်သံကြောင့် လှည့်ကြည့်မိတော့ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထား သော လူလေးဦးကို မြင်ရလေသည်။
'ခင်ဗျားတို့က ဘယ်သူတွေလဲ?'
' ကျွန်တော်တို့က Sir ရဲ့ သက်တော်စောင့် တွေပါ ဒီနေ့က စပြီး Sir ဘယ်သွားသွား စောင့်ရှောက်ပေး မှာပါ'
![](https://img.wattpad.com/cover/58060787-288-k113784.jpg)