Part 28

44.9K 2.8K 203
                                    

       

Part 28

တခြားသူကို မကြည့်ပဲ ကိုယ့်မျက်လုံးတွေကို သေချာကြည့်ပါ.. ရွှေရောင်စက္ကူနဲ့ ထုပ်ပိုးထားတဲ့ ချစ်ခြင်းတွေ မြင်ရလိမ့်မယ်..

တပါးသူစကားကို နားမယောင်ပဲ ကိုယ့်စကားကို သေချာနားထောင်ပါ .. အိပ်မက်ဆန်တဲ့ မြတ်နိုးခြင်းတွေ ကြားရလိမ့်မယ်..

တခြားတစ်ပါးကို မထွက်ခွာပဲ ကိုယ့်နံဘေးကို သေချာ ချဉ်းကပ်လာပါ.. တိမ်းမက်မူးဖွယ် ရင်ခုန်ခြင်းတွေ ခံစားရလိမ့်မယ်..

***********

'' Baekhyun ah .. ဒီကိုလာပါဦးကွာ '

ရေချိုးခန်းထဲကနေ လှမ်းခေါ်နေသော သူ့ အသံကို ကြားပေမယ့် မျက်လုံးတွေ မှေးစင်းလောက်အောင် အိပ်ချင်စိတ်က ကြီးစိုးနေတာမို့  အိပ်ရာပေါ်ကနေ ထချင်စိတ်ပင်မရှိ..

'Baekhyun.. ကိုယ်ခေါ်နေတာ..လာဦးလေ'

ထပ်ထွက်လာသော သူ့ အသံ ဆောင့်ဆောင့်အောင့်အောင့်ကို ကြားရတော့ ဒီအတိုင်းငြိမ်နေလိုက်ရင် ပိုဆိုးလာမှာ သိနေတာမို့  ..

'Yeol .. ဘာလဲဗျာ. . ကျွန်တော်အိပ်ချင်နေလို့ ပါဆို '

ခပ်ကျယ်ကျယ်အသံနဲ့ လှမ်းအော်ပြောလိုက်မှ ဆက်ခေါ်နေတဲ့ အသံက တိတ်ကျသွားတော့သည်။  ညည ဆို နှိပ်စက်တယ် .. မနက် မနက် ဆို အိပ်ရေးပျက်အောင် စောစောနှိုးတယ် ... ဘာအကျင့်မှန်းကို မသိဖူး .. ဘိုးတော်ကြီး... :3 :3

ဘေးနားက မိုးပြာရောင် ဖက်ခေါင်းအုံးကြီးကို တိုးဖက်လိုက်ရင်း ပြန်အိပ်ဖို့ ကြိုးစားလိုက်သည်။

'အာာာားးးးးးးး'

ရေချိုးခန်းထဲက Yeol အော်သံနက်ကြီးကြောင့် မှေးနေတဲ့ မျက်လုံးတောင် ပြူးသွားရလောက်အောင် ခုနက အိပ်ချင်နေတဲ့ စိတ်တွေက တောင်ပြေးမြောက်ပြေး ပြေးကုန်လေသည်။ အိပ်ရာပေါ်ကနေ ၀ုန်းခနဲ ခုန်ချရင်း ပြေးသွားမိတာ ရေချိုးခန်းထဲကို ဘယ်လို ဘယ်ပုံရောက်သွားမှန်းကို မသိတော့..

' Yeol ah  ..ဘာဖြစ်တာလဲ ? တခုခု ထိခိုက်မိတာလား?

ရေချိုးခန်းထဲကို အမောတကော ပြေးဝင်လာတော့ ကျောပေးကာ မှန် ရှေ့မှာ မတ်တပ်ရပ်နေသော သူ့ ဧ။် ကျောပြင်ကျယ်ကျယ်ကို  မြင်ရသည်။ အနားထိသွားပြီး ပုခုံးကို ကိုင်လိုက်မှ ကျွန်တော့်ဘက်ကို သူ့ မျက်နှာက လှည့်ကြည့်လာသည်။

Strangest LoveWhere stories live. Discover now