"အဟမ်း ခင်ဗျားသီချင်းဆိုချင်လား"
အချိန်အတော်ကြာသည်အထိ တစ်ခုခုစဉ်းစားနေပီး ငြိမ်သက်နေသော YiFanကို Chanyeol သတိပေးလိုက်ခြင်းပါ.....
"မဆိုပါဘူး မင်းတစ်ခုခုမှာလိုက် မင်းနဲ့ငါ ညစာစားရအောင်"
Chanyeol အံ့သြနေသော်လည်း အထွန့်တတ်မနေတော့ပဲ Menuကိုလှမ်းယူလိုက်ပါသည်....
"ခင်ဗျား ဘာကြိုက်လဲ"
"မင်းကောင်းမယ်ထင်တာမှာပါ ကိုယ်စားမယ် အဓိကက မင်းစားဖို့ပဲ"
"အမ်"
နားမလည်နိုင်သော လူကြီးကို ဘာမှပြောမနေတော့ပဲ သူလုပ်ခိုင်းတဲ့အတိုင်းပဲ လုပ်ပေးလိုက်သည်...
တကယ်ကိုပဲ စားစရာတွေရောက်လာတော့ပဲ ဟုတ်တိပတ်တိမစားပဲ သူစားတာကို ထိုင်ကြည့်နေတော့သည်...
Chanyeolမစားတတ်တော့သဖြင့်
"ဟိုလေ ခင်ဗျားအဲ့လိုကြည့်နေတော့ ကျနော် စားရတာ အဆင်မပြေဘူး ဗျ "
"အာ.ဆောရီး မင်းကချစ်ဖို့ကောင်းလို့ပါကွာ ဟုတ်ပီ ကိုယ်မကြည့်တော့ဘူး မင်း စား"
"ဒါနဲ့လေ မင်း ဒီအလုပ်ကထွက်လို့မရဘူးလား"
"ဗျာ"
"မင်း ဒီအလုပ်လုပ်နေတာကို ကိုယ်တကယ်ပဲ သဘောမကျဘူး"
"ဟမ် ခင်ဗျားသဘောမကျတာကို ကျနော်ကဘာလုပ်ရမှာလဲ"
စိတ်ထဲကစကားတွေအပြင်သို့ထွက်သွားလေပီ
ဟုတ်တယ်လေ.. ."ဒီလိုလုပ်ပါလား မင်းကိုယ့်ဆီမှာလုပ်ပါလား ကိုယ်မင်းတောင်းသလောက်လစာပေးပါ့မယ်"
"ဒီမှာ ခင်ဗျားနေရင်းထိုင်ရင်းကျနော့ဘဝကို လာစွက်ဖက်နေတာပါလား ခင်ဗျားတော်တော်ကြောင်တောင်တောင်နိုင်နေတယ် သိရဲ့လား"
"ကိုယ့်အတွက်တော့အဓိပ္ပါယ်ရှိပါတယ် ကိုယ်မင်းကိုချစ်တယ် ဒါကြောင့် မင်းကို လူတွေအများကြီးနဲ့ဆက်ဆံနေရတဲ့အလုပ်မျိုးကို မလုပ်စေချင်တာ သဘာဝကျပါတယ် ပီးတော့ မင်းသာလက်ခံမယ်ဆို မင်းတဘဝလုံးပြည့်စုံချမ်းသာအောင် ကိုယ်မင်းကိုထားနိုင်တယ်"